တောင်ငူဆောင်သည် တကယ်ကိုပင် လှပလွန်းသည်။ ကဗျာဆန်လွန်းသည့်နေရာလည်း ဖြစ်သည်။ မြန်မာစာပါမောက္ခများစွာကို မွေးဖွားရာ၊ မြန်မာစာပေကို အဆင့်အတန်းရှိစွာ ခေတ်မီစွာဖြင့် ဖြန့်ဝေလက်ဆင့်ကမ်းရာ နေရာလည်း ဖြစ်သည်။ မြန်မာ့မြေဝယ် မြန်မာတို့၏ အမျိုးသားဘာသာဖြစ်သော မြန်မာဘာသာများကို တိမ်ကောမှုမရှိစေရန် စောင့်ရှောက်ထားသော နေရာလည်းဖြစ်လေသည်။
အစောတစ်ယောက် တောင်ငူဆောင်သို့ ရောက်ခဲ့သည်မှာ တစ်ပတ်ပင်ရှိပြီး ဖြစ်ရကား အတော်ပင်ကျင်လည်၍လာသည်မဟုတ်သော်လည်း ရန်ကုန်တက္ကသိုလ်တွင်း အတော်ပင် ကျက်မိနေပြီလည်း ဖြစ်သည်။ ယခုမနက်ခင်းတွင် အတန်းချိန်အချို့ရှိသေးသည်မို့ စာအုပ်များကို လက်တွင်းတွင် ပိုက်ကာ ရှမ်းပင်နီ ချောချည်လွယ်အိတ်ကလေးကို လွယ်ရင်း စာသင်ခန်းများဘက် ခပ်သွက်သွက် လျှောက်၍လာသည်။
“အစော”
“ဗျာ အစ်ကို”
“သွားတော့မလို့လား”
“ဟုတ်”
“အစော ဟိုဟာလေ”
“ဟုတ်”
“Fresher Welcome အတွက် စီစဉ်ထားဦးနော်”
အစောက မျက်လုံးကလေး ဝိုင်းငေးမောရင်း
“ဗျာ ဘာပြင်ဆင်ထားရမှာလဲ”
“အစော မညာပါနဲ့ကွာ၊ အစော စောင်းတီးတတ်တယ်ဆိုတာကို အစ်ကိုကြားပြီးပြီ”
“ဟာ သတင်းအပျံ့ မြန်လိုက်တာ”
“ရန်ကုန်တက္ကသိုလ်မှာက ဒီလိုပဲလေ ညီရဲ့”
ပြော၍ ထွက်သွားသော ရသကို ကြည့်ရင်း အစောတစ်ယောက် ပါးစပ်ပင် ပြန်မပိတ်နိုင်ဖြစ်ခဲ့ရပြန်သည်။
>>><<<
“ဟဲ့ အစော... နင် welcome ပွဲကျရင် စောင်းတီးပေးရမယ်တဲ့”
“ဘယ်လို”
“ဟုတ်တယ်လေ နင်ပဲ စောင်းတီးတတ်တယ်ဆိုပြီးတော့”
“ဒါပေမယ့် ငါမတီးတာ ကြာပြီလေ”
“ဪ နည်းနည်းပါးပါး ပြန်ကျင့်ကြည့်ပေါ့ဟာ”
YOU ARE READING
အဘယ်ကြောင့်ဆိုသော် ... အဘယ်ကြောင့်ဆိုသော်.. (Completed)
Teen Fictionဘဝ၌ မထင်မှတ်ထားသော အရာများသည် ရုတ်တရက် ပေါ်လာတတ်သည်။ ထိုနည်းတူ ရုတ်တရက်လည်း ပျောက်သွားလိမ့်မည်။ သို့သော် အချို့အရာတို့မှာမူ ထိုသို့ ရုတ်တရက် ပျောက်ပျက်သွားလေ့မရှိပါ။ အဘယ်ကြောင့်ဆိုသော်...