11

2.6K 440 39
                                    

"ပြန်လာပြီလား "

ဧည့်ခန်းမှာထိုင်နေတဲ့ ပါးပါးကြီးကြောင့် ပင်လယ့်ခြေလှမ်းတွေအနည်းငယ်မျှ တုန့်ဆိုင်းသွားရ၏။
ပါးပါးကြီးသည် အသက် ခြောက်ဆယ်နားကပ်နေပြီဖြစ်သည်။ ဆံဖြူတို့က ဦးခေါင်းအနှံ့ ပေါက်ရောက်နေပြီဖြစ်သော်ငြား ပါးပါးကြီး ဆံပင် နက်ဆေး မဆိုးခဲ့ပေ။ ထိုသို့အဖြူနှောနေတဲ့ဆံသားတွေကပဲ
ပါးပါးကြီး၏ မာနတရားတို့ကို သိသာစွာ ထင်ဟပ်‌ စေခဲ့တာပင်။

" ဟုတ်ကဲ့ ပါးပါးကြီး "

သူရိုကျိုးစွာ ပါးပါးကြီး နဲ့မျက်နှာချင်းဆိုင်မှာထိုင်ရင်းပြန်ဖြေခဲ့၏။

" လေလံပွဲအခြေအနေ "

" ရခဲ့ပါတယ် "

ပါးပါးကြီး ကျေနပ်သွားတာကိုတွေ့ရပေမဲ့
သူ့အားချီးကျူးစကားမဆိုခဲ့ချေ။
သူလည်း ပါးပါးကြီးဆီက ဘာမှမျှော်လင့်မထားသလို ဒီအိမ်မှာနေရတာကိုက ဝတ္တရားကျေ ဖြစ်နေခဲ့တာမို့ ခပ်အေးအေးသာနေဖြစ်ခဲ့သည်။
ဒါပေမဲ့ ပိုင်စီးကို သွားတွေ့ဖို့ ပါးပါးကြီးထံရက်အနည်းငယ်လောက်ခွင့်ယူချင်သေးတာကြောင့် သူခါတိုင်းလို တန်းထမသွားဖြစ်။

" ပါးပါးကြီး ကျွန်တော်.. "

" ကလျာရဲ့ တူမလေးကို မင်းဘယ်လိုသဘောရလဲ "

မျက်လုံးထဲ ဝင်းပပကြည် ဆိုတဲ့ တက္ကသိုလ် ဆရာမလေးကို ပြေးမြင်လိုက်ပြီး ပါးပါးကြီးအားမော့ကြည့်လိုက်မိသည်။

" ပါးပါးကြီး .. အိမ်ထောင်ရေးအထိတော့ ဝင်မပြောစေချင်ဘူး "

" မင်း အသက်မငယ်တော့ဘူး ပင်လယ်။ ပြီးတော့ မင်းအမေမရှိတော့တဲ့နောက်မှာ စိတ်ချရအောင်ဆောင်ရွက်ပေးရမှာ ငါ့တာဝန် "

ပါးပါးကြီးကို ပင်လယ်လေးစားပါသည်။
အမြဲ ပါးပါးကြီးစကားအောက်မှာ ပင်လယ် ငြိမ်ကျတွေဝေခဲ့ရတဲ့ အခြေအနေတွေမှအများကြီးပင်။
ဒီတစ်ခါကိုတော့ ပင်လယ် လိုက်မနာနိုင်ပေ။

" ကျွန်တော် ဂေး ပါးပါးကြီး။ "

ပါးပါးကြီး မျက်နှာတင်းခနဲ။ ပါးပါးကြီး ဒါကိုသိနေသည်။ ပင်လယ်သည် သူ့ကိုယ်သူရှက်စရာဟု တစ်ခါမှမတွေးခဲ့ဘူးပေ။

သက္ကရာဇ်ပင်လယ်Where stories live. Discover now