[13] Boundaries she can't cross

9.5K 511 112
                                    

Zawgyi below

#Unicode

Unedited ~

နားရွက်ဖျားလေးတစ်စုံမှာ သူတို့ မနားခိုသေးခင်အချိန်အထိ ၊ ဖြူစင်သောလိပ်ပြာငယ်တွေသည် ညှို့ငင်တတ်ကြောင်း ဖူးသစ် မသိခဲ့ ။ အဲ့ဒီအရာက မွှေးညှင်းနု ရေးရေးလေးများရှိတဲ့ သူ့နားရွက်ဝိုင်းဝိုင်းလေးမှာ ညိတွယ်နေသော လိပ်ပြာပုံသဏ္ဌာန် နားကပ်အနက်ကလေး ။ သိပ်ချစ်စရာကောင်း၏ ။

ဖူးသစ် မပိုင်ဆိုင်ချင်ပဲ မနေနိုင်ခဲ့ပေ ။ တစ်စုံ နှစ်သိန်းပေးပြီး အိမ်ခေါ်မွေးခဲ့သည် ။ သူနဲ့ ဆင်တူလေး ... ။

အိမ်ပြန်ရောက် ရေမိုးချိုးပြီးတော့ အပြေးအလွှား မှန်ရှေ့မှာ နားကပ်ကို စမ်းဝတ်ကြည့်ရသည် ။ ဖူးသစ်ရဲ့ ပါးပြင်ဖြူလေးနားမှာ အနက်ရောင်မဟူရာကျောက်ဟာ ထင်းလင်းလျက် ... ။ ရင်တွေလည်း တလှပ်လှပ် ... ။ တစ်စုံတစ်‌ယောက်သာ ယခု ဖူးသစ် လုပ်နေတဲ့လုပ်ရပ်ကို မြင်တွေ့သွားခဲ့ရင် ဘယ်လို အကြောင်းပြချက်တွေ ပေးရမလဲ ဖူးသစ် မသိ ။ အကယ်၍ ကံဆိုးပြီး သူသာ ဒီအရာလေးကို မြင်သွားခဲ့ရင် ဖူးသစ် ရှက်လွန်းလို့ သေသွားလောက်မည် ။

ဤနားကပ်လေးအား ဘယ်တော့မှ လူရှေ့သူရှေ့ ထုတ်ဝတ်လို့မရတာက ဖူးသစ်ရဲ့ ခိုးကြောင်ခိုးဝှက် အချစ်တွေနဲ့ အဖြစ်တူလှသည် ။ ဒါပေမယ့် ဘယ်တတ်နိုင်ပါ့မလဲ ၊ မြတ်နိုးမိနေတုန်းပဲလေ ။

လိပ်ပြာဆိုသော တည်ရှိမှုလေးတွေဟာ နူးညံ့ကာ ကြေမွလွယ်သည် ။ မာကျောတဲ့ သူ့စရိုက်နှင့် လုံးဝမအပ်စပ်ပေ ။ သို့ပေမယ့် သူ လိပ်ပြာတွေကိုမှ ရွေးခဲ့သည် ။ ဆန်း၏ ။ သူဟာ လျှို့ဝှက်သော သားရဲတစ်ကောင်လိုပဲ သိပ်ထူးဆန်း၏ ။ ဖူးသစ်မျက်လုံးထဲ သူ ဘာလုပ်လုပ် ဗဟေဠိများ ၊ စိတ်ကူးယဉ်စရာလေးများဖြင့် ပြည့်နေတတ်သည် ။

သူ ထိုနားကပ်ကို ဘာသဘောနဲ့များ ‌တပ်ခဲ့တာလဲ ? သိပ်သိချင်လှသည် ။ သူသည် လူထူးဆန်းလေး မာန်ရှိုင်းဆက်ပဲမို့ 'မာန်ရှိုင်းဆက်'ပီသတဲ့ အကြောင်းပြချက်တော့ ရှိနေမှာပဲ ။

နားရွက်ပေါ်က နားကပ်လေးကို မှန်ထဲ မစိမ့်စိမ့်ကြည့်ရင်း နှုတ်ခမ်းတွေ ပြန်စိလို့မရ‌သည်အထိ ဖူးသစ်တစ်ယောက် ပျော်နေမိလေသည် ။ ခဏလေးတော့ ‌အိပ်မက်မက်ခွင့်ပြုပါလေ ... ။

Taming the F*ck-boy (Hiatus)Where stories live. Discover now