အပိုင်း - ၁၀၇ (စီးပွားရေးကိစ္စ ဆွေးနွေးဖို့ဆိုရင် စူးရှကြည်လင်တဲ့အမြင် ရှိဖို့လိုတယ်)
(ဖိအားပေးတာနဲ့ သိပ်တော့မကွာပါဘူး )
ရှစ်ဇီကုန်းကုန်းမှ အိမ်တံခါးဝသို့ ဆိုက်ရောက်လာပါလျှင် အကြောင်းရင်းတစ်ခုတည်းကြောင် လာတတ်ခြင်းဖြစ်ကာ ၎င်းအကြောင်းရင်းမှာလည်း ဧကရာဇ်က သူ့အား နန်းတော်ထဲ ဆင့်ခေါ်တော်မူခြင်းသာ ဖြစ်သည်။
ဟုတ်ပါသည်၊ ခေါင်းဆောင်ကျောက်ထံတွင် သုန်မှုန်မည်းနက်နေသော မျက်နှာပေးမျိုး ရှိနေသဖြင့် ရှစ်ဇီကုန်းကုန်းမှာ အကြာကြီး စကားမပြောလိုက်ရပါဘဲ အမိန့်တော်ကို လာရောက်ပြောပြပြီးသွားသည်နှင့် ခပ်သုတ်သုတ်ပြန်ရန် ပြင်လာ၏။
"ကုန်းကုန်း ၊ ခဏလေးစောင့်ပါဦး ။ ကျွန်တော် အဝတ်လဲလိုက်ဦးမယ်"
ဝမ်းလျိုနျဲန်က ခေါင်းညိတ်လက်ခံလိုက်ကာ ဆက်မေးလာ၏။
"ကျွန်တော် နောက်မေးခွန်းတစ်ခုလောက် ထပ်မေးလို့ ရပါသလား။ ဒီငယ်သားကို ဧကရာဇ်မင်းမြတ် ဆင့်ခေါ်တော်မူတာ ဘာအကြောင်းရှိလို့ပါလဲခင်ဗျာ"
"စီးပွားရေးကိစ္စတစ်ခု ညှိနှိုင်းတော်မူစေချင်တဲ့ပုံပါ။ တပ်မှူးချိန့်လည်း ရောက်နေပါတယ်ခင်ဗျာ"
စီးပွားရေးကိစ္စ ညှိနှိုင်းတာ?
ထိုစကားကိုကြားတော့ ဝမ်းလျိုနျဲန် တွေဝေသွား၏။
တာ့ချူမှာ ကျယ်ဝန်းပြန့်ပြောလှကာ သယံဇာတရော လူအရင်းအမြစ်ပါ ပေါများလှသဖြင့် ကဏ္ဍအဘက်ဘက်တွင် ပြည့်စုံလှ၏။ အိမ်နီးချင်းပြည်နယ်များနှင့် စီးပွားရေးဆိုင်ရာ သဘောတူညီမှုများ ပြုလုပ်လျှင် အတော်များများမှာ ကုန်စည်တင်သွင်းလိုသည့် အခြားတိုင်းပြည်များမှ ရောက်လာကြခြင်းသာ ဖြစ်ကာ ယခုတစ်ခေါက်တွင် မည်သည့်ကိစ္စမျိုး ဖြစ်နေသဖြင့် ဧကရာဇ်ထံတော်ပါး ရောက်ရှိသွားကာ ကိုယ်တော်တိုင်ဝင်ရောက်စီမံနေပါသနည်း။
ရှစ်ဇီကုန်းကုန်းက ထပ်မံဖိတ်ခေါ်လာ၏။
"ခေါင်းဆောင်ကျောက်ရော နန်းတော်ထဲ အတူလိုက်မလာချင်ဘူးလားခင်ဗျာ။ နန်းတွင်းဉယျာဥ်ဝန်းထဲမှာ လက်ဖက်ရည်သောက်ရင်း အမတ်မင်း အိမ်ပြန်လာမယ့်အချိန်ကို ထိုင်စောင့်လို့ရတယ်လေ"
KAMU SEDANG MEMBACA
ဓားပြဗိုလ်အား သိမ်းပိုက်ခြင်း [ Completed ]
Romansaတာ့ချူရဲ့ အတော်ဆုံးလူငယ်အမတ်မင်းတဖြစ်လဲ အစားပုပ် Food blogger ရဲ့ ဓားပြဖမ်းဗျူဟာ။ ပေါက်စီတစ်လုံးကနေ စတင်ခဲ့ပြီး ဆန်းပြားသစ်လွင်တဲ့ နည်းတွေနဲ့ မစားရအညှော်ခံ ဓားပြမဟုတ်တဲ့ ဓားပြဗိုလ်ကိုကို,ကို ဘယ်လို အပီချုပ်ခဲ့သလဲဆိုတာ .... Shared universe with ဧကရာ...