💢2💢

1.6K 115 11
                                    

Zawgyi

=------------------=

***ကျွန်တော် အကြွေးရှင် ***

💢 အပိုင်း (၂) 💢

Yizhan Fan Fic 💛

---------=--------------------------=----------

"ကျဲ သွားနှင့် ။ ဆိုလ်းမြို့က ဆေးရုံက ဆရာဝန်တွေက ကုသစရိတ်ပိုသက်သာတယ် ။အဲ့ကြောင့် ပိုက်ဆံကိစ္စက စိတ်ပူမနေနဲ့"

ရှောင်ကျန့် ကျဲကို ပြုံးရင်း ဖြေးဖြေးချင်း ပြောပြလိုက်သည်။

သူမ အားကျန့်က ဒီလိုပုံစံနှင့် ပြောနေလေ သူမက ပိုစိတ်လေးရလေပင်။ စိတ်ပင်ပန်းလေ အလှဆုံး ပြုံးနေတတ်သူမလား?။ဒီကလေးက ငယ်စဥ်ထဲက သူမလက်ပေါ်မှာ ကြီးလာတာပင် ။ ဒီကလေးအကြောင်း သူမ သိတာပေါ့ ။ ဟင်းးးး သူမအနေနှင့် သက်ပြင်းသာချနိင်တော့သည်။

သူမ အခုအခြေအနေက သူတို့ပြောတာသာနားထောင်နိင်သည့် အခြေအနေမလား?။ သူမအနေနှင့် ပြန်ပြောဖို့ပင် အားမရှိသလို ခံစားနေရသည်။ အင်း အရင်ဘဝက တော်တော် ဆိုးယုတ် သည် ထင်ပါ့ ။ ဒီဘဝမှာ သူများထူမထ ၊ သူများကျွေးမှစား နိင်သည် ။ ခံစားရသည့် ရောဂါဘဝများလွန်းသည်လေ။

"ကျဲ သေ ချာ ပေါက် ပြော....အဟင်းးး..ရ..မယ့်..စကား...ရှိ..ရှိ တာမို့...လိုက်လာ...ခဲ့..ရ..မယ် နော် ဟင်းးး"

သူမက ရှောင်ကျန့် ကိုကြည့်ကာ စကားတစ်လုံးချင်း မနည်းပြောယူလိုက်သည်။ သေချာပေါက်ပြောရမယ့် စကားရှိသည်ပင် ။ သူမ အသံက သာမန်လူမကြားနိင်လောက်အောင် တိုးငြင်းနေသည် ဆိုရင်တောင်မှပေါ့။ ဒီကလေးကို ဒုက္ခ မခံစေချင်ပေ။ဘယ်လိုပဲ ပြောပြော သူမတို့သွေးသားရင်း မဟုတ်မှန်းသိသည့်တိုင်အောင် မစွန့်ခွာပဲ အနားမှာနေပေးခဲ့သည့် ကလေးပင် ဖြစ်လင့်ကစား ပျော်ရွင်စေချင်သည်။

ရှောင်ကျန့် ကျဲရဲ့ ဒီလို စကားလုံးအနည်းငယ်ပြောတာတောင် မောပန်းနေရတယ့် အခြေအနေ ကိုမြင်ရတာ တကယ်.... ပင်ပန်းသည်။

ကျဲလို စိတ်သဘောထားကောင်း ပြီး ကြင်နာတတ်တယ့် မိန်းကလေးက ဒီလိုဘဝမျိုးမပိုင်ဆိုင်သင့်ပေ။ မိသားစုနှင့် ပျော်ရွင်နေသင့်သည့် အရွယ်ပေ။

                  🖤Where stories live. Discover now