💢11💢

776 75 5
                                    

Zawgyi -

<<<

💢 ကျွန်တော် အကြွေးရှင် 💢

💢 eP - 11 💢

------------------------

အခုချိန်ထိ ဝမ်သခင် သတင်းကိုမကြားရသေးပေ ။

အမှန်အတိုင်းပြောရရင် အစကသူသိပ်စိတ်မပူခဲ့ပေ။

သူထိုလူနှင့်ကြာရှည်စွာ ထိတွေ့၊ဆက်ဆံဖူးခြင်းမရှိသော်လည်း ထိုလူ သန်မာတာကိုသူသိသည်။ ထိုကြောင့် တစ်စုံတစ်ခုကြောင့် အခုလို ပျောက်ကွယ်ချင်ယောင်ဆောင်နေသည် ဟု ပဲ သူစိတ်ထဲ၌ တွေးမိခဲ့သည်။ ထိုအတွေးကြောင့်ပဲ သူအေးဆေးနေနိင်ခြင်းပေ။ မဟုတ်လျှင်..... အင်းး သူ သေမတတ် စိတ်ပူမိမည်ထင် ။ ဘာကြောင့် ဆို ဘာရယ် ၊ ဘာအကြောင်းပြချက်ရယ်လို အသေအချာမသိပေမယ့် ထိုလူအပေါ် သူအနည်းငယ်....စိတ်ဝင်စားခဲ့မိသည်ထင်။ တစ်ရက်ပဲ တစ်ကယ် တစ်ရက် သာသာ လေးပဲကို..... သူက သူ့အပေါ် (ရိပေါ်) စိတ်ရှိခဲ့သည်။
ထိုလူကြီးရဲ့ တနာရူးမူကို ကြိုက်သွားသလား? ၊ ဘာလားတော့ သူလဲမသိ ။

4 လနီးပါရှိတော့မည် ။ ထိုလူ သတင်းသူမကြားရပေ ။ အခုချိန်ထိ စုံစမ်းနေကြသောလူများသည်လည်း ပေါ်မလာပေ ။ သတင်းအစအနတစ်ခုပင်သူမကြားရပေ။

သူ တစ်ကယ်ကို စိတ်ပူပန်မိသည်။

.............

ဒီရက်ပိုင်း ဝမ်အိမ်တော် မှာ အတော်ကို ဆူညံနေလေ့ရှိကာ အိမ်တော် ဆရာဝန်ပင် ဝမ်အိမ်တော်၌ ပြောင်းနေနေ ပေး ရသည့်အဆင့်ဖြစ်သွားသည်။

ဘာကြောင့်လဲ?

ဘာကြောင့်လဲ ဟုတ်လား?

ဝမ်မိသားစုရဲ ပြသာနာ ရှာရတာကြိုက်ပြီး အပြစ်မရှိအပြစ်ရှာ တတ်တဲ့ ဆိုးရွားလွန်းတဲ့ မောက်မာရိုင်းဆိုင်းသည့် သခင်လေး ဝမ်ရိနှင့် သူတို့ဝမ်သခင်ကိုတောင် တစ်စက်မှမခံသည့် 31 ဘုံ က အရိုင်းတုံး သခင်လေးရှောင်တို့က ထိန်းနိုင်မည့်သူမရှိပဲ တစ်အိမ်ထဲ နေနေသည်မလား? ။ တစ်နေ့တစ်နေ့ ထိုနှစ်ယောက် ရန်မဖြစ်သည့်ရက်ကိုမရှိပေ ။

ရန်ဖြစ်ကြသည့်အခါတိုင်းလည်း နုတ်နှင့်ဖြစ်စေ၊လက်နှင့်ဖြစ်စေ အမြဲ သခင်လေးရှောင်ကသာသိပ်လွတ်လိုက်တာကြီးပဲပင် ။

                  🖤Where stories live. Discover now