Unicode
ဘုရားပွဲနေ့က ဒီနေ့ပင်ဖြစ်သည်။ချည်ထင်တို့အလွန်ပင်အလုပ်ရှုပ်နေကြသည်ကအမှန်ပင်ဖြစ်သည်။ ငွေဖြိုးနဲ့အတူ ချည်ထင်က ရှိနေသည်။ ချည်ထင်အဖို့ ငွေဖြိုးရှိလျှင်ပင် ပျော်နေရသည်။
ငွေဖြိုးက စတတ်ပြောင်တတ် ချည်ထင်ကိုလဲ သိပ်ဂရုစိုက်ပေးလွန်းသည်။ ချည်ထင်ကိုသူငယ်ချင်းထက်ပိုနေသည်တောင် သူတိုင်တောင်သေချာမသိချေ ။ဘုန်းကြီးကျောင်းကွင်းထဲရှိသော ရွာသူရွာသားများအားလုံးက စတုဒိသာကျွေးမွေးဖို့ ခုံများပြင်ဆင်ပေးကြသည်။
ဇာတ်ပွဲလာရှိမည်ဖြစ်သဖြင့် သူတို့အားလုံးက ဇာတ်ပွဲကိုအလွတ်မခံ ။ဒါကြောင့်အလျှင်အမြန် အလုပ်များကိုပြီးစီးသည်ထိလုပ်ဆောင်ကြသည်။ချည်ထင်နဲ့ ငွေဖြိုးတို့၏တာဝန်ကတော့ပြီးမြှောက်ခဲ့သည်။ စက်အဖွဲ့လည်းရောက်နေပြီဖြစ်သည်။ စက်အဖွဲ့က သူ့လူနဲ့သူ ပြင်ဆင်နေတော့ ချည်ထင်တို့သိပ်ကူညီစရာမလို။ချည်ထင်က အရိပ်ရအပင်ကြီးအောက်တွင် ထုံးစံအတိုင်း ငုတ်တုပ်ထိုင်ကာ တုတ်သေးတစ်ချောင်းဖြင့် မြေပြင်တွင် ပုံရေးဆွဲနေသည်။
ငွေဖို့းက ချည်ထင်၏အပြုအမှုများအားလုံးကို သေချာဂရုတစိုက်ကြည့်နေခြင်းဖြစ်သည်။ ချည်ထင်ဆွဲသောပုံများကိုကြည့်ကြည့်တော့လဲ ဘာတွေလျှောက်ဆွဲထားမှန်းမသိ ။
ငွေဖြိုးက ခနနေတော့ ချည်ထင်ကို ခေါင်းကိုဖြည်းငြင်းစွာပုတ်၍ ပြောသည်။"ချည်ထင် ကျုပ်ကြည့်နေတာကြာပြီ ချည်ထင်ဘာပုံတွေများဆွဲနေသလဲကွယ် ကျုပ်ဖြင့် မြင်တောင်မမြင်ဖူးဘူး"ငွေဖြိုးပြောတော့
ချည်ထင်က မသိမသာလေးရယ်ပြတယ်။ပြီးမှစကားစတယ်။
"ကျုပ်ကိုယ်တိုင်ဘာပုံဆွဲနေလဲမသိဘူး ငွေဖြိုးရေ"တဲ့
ငွေဖြိုးက အသံထွက်အောင် ဟက်ဟက်ပက်ပက်ရယ်သည်။"ဪ ချည်ထင်ကတော့ ပေါက်တက်ကရ ဟာသပဲကွယ်"
ငွေဖြိုးရယ်နေတာကို ချည်ထင်ကသေချာစိုက်ကြည့်နေသည်။
တောက်ပနေသောမျက်ဝန်းတစ်စုံကြောင့် ငွေဖြိုးမေးခွန်းထွက်လာသည်။"ချည်ထင် ဘာလို့လဲ ကျုပ်ရယ်လို့ စိတ်စိုးသွားတာလား"
စိုးရိမ်သဖွယ်မေးလာတော့ ချည်ထင် ခေါင်းခါပြသည်။
YOU ARE READING
Che∆ {Complete}
Romanceအချစ်ဆိုတဲ့အရာရဲ့နိဂုံးအများစုက ပျော်ရွှင်ခြင်းနဲ့ ချုပ်ခဲ့ကြတယ်။ ဒီဇာတ်လမ်းရဲ့ နိဂုံးလေးရော ဘယ်လို ချူပ်ပါ့မလဲ ထင်သလိုပျော်ရွှင်ရပါ့မလား.....? မဟာသဣရာဇ်+ ချည်ထင်ဘုန်း သဣရာဇ်+နေချည်သန့်