အပိုင်း 20 (Uni+Z)

846 43 0
                                    

Unicode

ကျွန်တော် ဦးမဟာသဣရာဇ်ကို သိပ်ကျေးဇူးတင်နေမိတယ်။
အကြောင်းကုန်ဖြစ်စဉ်တစ်ခုလုံးမှာ ကျွန်တော် ဦးမဟာသဣရာဇ်ကိုလဲ သနားမိပါသည်။ တကယ်ကို အချစ်ကြီးခဲ့တာပါ။ဖေဖေကို
ဦးမဟာသဣရာဇ်က နှစ်နာခံပြီး ချစ်ခဲ့တာတောင် ဖေဖေက
ဘာကြောင့်များ ဦးမဟာသဣရာဇ်ကို နားလည်မပေးနိုင်ရတာလဲ
ကျွန်တော် တကယ်သိချင်မိတယ်။
ဦးမဟာသဣရာဇ် နောင်ဘဝဆိုတာရှိခဲ့ရင် ဖေဖေနဲ့ ဦးမဟာသဣရာဇ်နဲ့ အတူပေါင်းဖက်နိုင်ပါစေ။ သို့ပေမဲ့ ဒီဘဝမှတော့ ဖေဖေဆယ်(လ်)နဲ့ ပျော်ရွှင်ခွင့်ပေးလို့လဲကျေးဇူးပါ။
ဘယ်လိုမှ အစားထိုးလို့မရတဲ့ ပျော်ရွှင်မှုက ကျွန်တော်ရင်ဘက်ထဲ
တစ်ဒိတ်ဒိတ်နဲ့ပင်။

"ကိုချည် ..... "ပန်းခြံထဲက ပန်းပင်များအားရေလောင်းနေသည့်
ချည်အား နွယ်က လှမ်းခေါ်လိုက်သည်။

"အင်းပြော နွယ် ကိုချည် အပင်ရေလောင်းနေလို့"
နွယ် ရှည်လှသော ဆံပင်လေးအား အလည်ခွဲ၍ နှစ်ဖက်ခွဲကာ မြင့်မြင့်လေး စီးထားသည်။ ဂါဝန်ပန်းရောင်အနုလေးကို ဝတ်ထား၍
ကုတ်ကုတ်နဲ့ ချည်ဆီသို့ အလျင်စလိုရောက်လာသည်။

"ကိုချည် အိမ်ထဲမှာ ဒေါ်နီနီတို့ သားအမိရောက်နေတယ် "

"ဟင်ဟုတ်လား ဦးမဟာသဣရာဇ်ရောပါလား"ချည် မဟာသဣရာဇ်ကို သိပ်တွေ့ဖူးချင်ပါသည်။ သူတစ်မှမျှမတွေ့ဖူးသည့်အတွက်။
ချည်မေးခွန်းအား နွယ်ဘဝင်မကျ။ မျက်နှာရှုံမဲ့ပြီး ချည်ကိုကြည့်၍

"ဘာလို့လဲ အဲ့ဦးလေးက နွယ်တို့ဆီကိုလာပါအုံးမယ် အားကြီးကြီး"

"ကဲပါ ကိုချည်သွားတွေ့အုံးမယ် "
နွယ်ကိုစကားထပ်ဆက်နေမိရင် မဆုံးသော ဇာတ်လမ်းတွဲကြီးဖြစ်သွားလိမ့်မည် ဖြစ်သဖြင့် ချည် မည်သည်မှ အပြိုင်ငြင်းမနေဘဲ အလျင်အမြန်ပင် ထွက်လာကာ အိမ်ထဲသို့ဝင်လာခဲ့သည်။

အိမ်ထဲတွင် ဒေါ်နီနီက ချည်အားကြည့်၍
"သားချည်ကို ဒေါ်လေးနီက လာနှုတ်ဆက်တာပါ..."

"ဗျာ ဒေါ်လေးနီက ဘယ်သွားမလို့လဲ"
ချည်က တအံတဩပင်မေးလိုက်သည်။

"ဒေါ်လေးနီတို့ ပြင်သစ်ကိုသွားရတော့မယ် အလှမ်းဝေးရပြီ ကလေးငယ်ရယ် သဣရာဇ်တော့ ကျန်ခဲ့မှာပါ"

Che∆ {Complete}Donde viven las historias. Descúbrelo ahora