Part-2(Unicode)

198 7 1
                                    

"ဝုန်း!!!အား!!-ီးပဲ!"

Zeim ဟိုဘိုးတောင်ရဲ့လူတွေဖမ်းချုပ်တာခံရ၍သူ မပြန်ချင်တဲ့အိမ်ကိုရောက်လာပြီး အိမ်ပေါက်ဝမှာသူ့ကိုပစ်ချသွားသည်။ ဆယ်ယောက်တစ်ယောက်ပြန်ဖိုက်ရအောင်လဲ မြန်မာကားမှမဟုတ်ဘဲဒါကြောင့် သူဆဲပဲဆဲလိုက်သည်။

"အိမ်ပေါက်ဝမှာသေမနေနဲ့ ဇိမ်ဌာယံဦး!ထစမ်း!"

Zeim ခပ်ချဥ်ချဥ်တွေးနေတုန်းနောက်မှဘိုးတော်ရဲ့အသံခပ်စူးစူးကိုကြားလိုက်သည်။Zeim အိမ်ပေါက်ဝမှထပြီးဧည့်ခန်းထဲကဆိုဖာပေါ်တွင် မှီရွဲထိုင်လိုက်ကာခြေထောက်ကိုစားပွဲပေါ်မာတင်ထားလိုက်သည်။သူ့ အား အိမ်ကိုမရ ရအောင်ခေါ်လာတည်းအကြောင်းကိစ္စတစ်ခုရှိမြန်း Zeim သိသည်။ မဟုတ်ရင် ထိုဘိုးတော်က သူ့ရဲ့ဂုဏ်သိက္ခာနဲ့စီးပွားရေးအကျိုးအမြတ်ကလွဲရင် သူ့အား ဘယ်နေရာမှာဘဲဖြစ်ဖြစ် သေသေကြေကြေ ပစ်ထားမယ့်လူမျိုးပင်။

*ဇိမ်ဌာယံဦးပါကွ!ကြည့်နေဘိုးတော် ခင်ဗျားဘာပြောပြော ကျုပ်ငြင်းပြမယ်!"

"နားကန်းနေတာလား?ဇိမ်ဌာယံဦး! "

Zeim ဘိုးတော်ရဲ့အသံစူးစူးကြောင့်မော့ကြည့်လိုက်သည်။အံ့မူးစေသော်ကိုအနောက်တိုင်းဝတ်စုံနဲ့သာမြင်ရတာများပြီး အခုလို pajamasဝတ်ပြီးဆံပင်တွေကိုနဖူးပေါ်ဝဲချထားပုံကိုမမြင်ဘူးပေ။ခုလိုပုံကကြည့်ကောင်းသည်ဟုထင်သည်။ သူ အရင်ကစည်းကမ်းကြောင့် တစ်ပတ်မှာသုံးရက်လောက်အိမ်ပြန်လာရပေမယ့်ထိုဘိုးတော်နဲ့မျက်နှာချင်းကိုမဆိုင်ချင်လို့ရှောင်နေခဲ့တာပင်။Zeim ငေးနေမိတာတော့ဝန်ခံသည်။

"ငုတ်တုတ်ကြီးသေနေတာလား?ဇိမ်ဌာယံဦး!"

Zeim ဘိုးတော်ရဲ့အသံကြောင့်အတွေးမှရုန်းထွက်လိုက်သည်။

"ဘယ်သူကများငုတ်တုတ်ကြီးသေတာမြင်ဖူးလဲ?

"ဘယ်သိမလဲ?ငါမေးတာမှမင်းမဖြေတာ ငါကသေမြန်းသွားတာလားလို့အသုဘတောင်စီစဥ်တော့မလို့"

"အင်း အဲ့အသုဘလုပ်ပြီး အခေါင်းထဲကိုခင်ဗျားဝင်နေလိုက်လေ!"

"မင်း! ထားပါတော့ အခုမင်းကို ပြောစရာကိစ္စရှိလို့"

Zeim သူ့ကိုပြန်ပြီးရန်တွေ့မယ်လို့ထင်ထားပေမယ့်
ပုံမှန်အသံနဲ့စကားကောင်းကောင်းပြောနေတဲ့ဘိုးတော်ကြောင့် သူ မျက်ခုံးပင့်မိသွားသည်။

My Barbarousness ✨Where stories live. Discover now