တိတ်ဆိတ်နေသည့်ညမှာ ဆိုင်ကယ်လီဗာဆွဲသံသည် ဆူညံနေ၏။ ထို့အပြင် ပရိတ်သတ်တို့၏ ဆူညံသံသည် တိတ်ဆိတ်နေသည့်ညကိုဖြိုခွင်းနေသယောင်။မန္တလေးမြို့ပြင်အနီးတွင်အပျော်တမ်းမော်တော်ဆိုင်ကယ်stuntပြိုင်ပွဲကျင်းပနေကြသည်။မှုန်ပျပျလရောင်အောက်မှာ ပရိတ်သတ်တို့၏ အားပေးမှုသည် နာမည်တစ်ခုတည်းပေါ်တွင် သာကပ်ညှိနေကြသည်။ ထိုနာမည်သည် Zeim!
ပရိတ်သတ်တွေကချစ်စနိုးနဲ့Zeimလို့သာခေါ်ပြီးနာမည်အပြည့်အစုံမှာ ဇိမ်ဌာယံဦး!!!"Zeim!!!!!!!!!!!!!"
YZF-R7LA motorbike ကို မီးခိုးတွေထွက်သည်အထိ နောက်ဘီးထောင်ကာ stunt ပြနေသောလူသည် ပရိတ်သတ်တွေရဲ့အားပေးမှုကိုရရှိထားတဲ့
Zeimပင်။YZF-R7၏တန်ဖိုးသည် ဒေါ်လာ9ထောင်ကျော်သည့်အတွက်ထိုZeimဆိုသည့်လူသည်သာမာန်လူမဟုတ်နိုင်ပေ။All backသာဝတ်ဆင်ပြီး YZF-R7သည်လည်းနက်ဆွေးနေသည်။ခရမ်းရောင်ကာလာဖောက်ထားသည့် ဂုတ်ထိရှည်တဲ့ဆံပင်ကိုတစ်ဝက်သာစီးနှောင်ထားသည်။တွန့်ချိုးနေတဲ့မျက်ခုံးတစ်စုံနဲ့ပြတ်သားစူးရှတဲ့အပြာရောင်မျက်ဝန်းတစ်စုံကိုပိုင်ဆိုင်ထားသေးသည်။All blackဝတ်ဆင်ထားသောကြောင့်နဂိုဖြူနေသည့်အသားသည်ပို၍ပင်ဖြူနေပြီး အရပ်သည်6'2"ဖြစ်သည်။Zeimရဲ့ပုံစံကိုခြုံငုံ
ကြည့်မယ်ဆို ဒီဘက်ခေတ်အမျိုးသမီးတိုင်း
၏စိတ်ကူးယဥ်မင်းသားလေးတစ်ဦးလိုမျိုးပုံစံသာ။Zeimသည် အမေရိကန်မြန်မာ ကပြားတစ်ဦးသာ။"ဟေ့ Zeim"
Zeim မော်တော်ဆိုင်ကယ်stuntပြပြီးထိုင်နေစဥ်
ငနဲကောင်ဇွဲမင်းစျာန်၏အသံဆိုးဆိုးကိုကြားလိုက်ရသည်။Bestfriendဆိုပေမယ့် နားငြီးတာမခံနိုင်တဲ့သူ နဲ့ နားပူနာဆာတစ်အားလုပ်သောထိုကောင်နဲ့အမြဲတမ်းသတ်နေရသည်သာ။"ငါ-ိုးမသား Zeim ခေါ်နေတာနားကန်းနေတာလား"
"အေး -ီးပဲ ငဇွဲ! "
သူတို့သူငယ်ချင်းနှစ်ယောက်သည် တစ်ယောက်နဲ့တစ်ယောက် တွေ့လို့နှုတ်ဆက်ရင် အဆဲစကားလုံးတွေကမပါမဖြစ်ပေ။ အဆဲ သည် သူတို့နှစ်ယောက်၏ခင်မင်မှု ပြယုဂ်ပင်ဖြစ်နေသည်။
"ငဇိမ် ဒီနေ့သာမင်းအိမ်မပြန်ရင် မင်းလင်က ကွိုင်တော့မှာနော်"
YOU ARE READING
My Barbarousness ✨
Romansa"အရိုင်းအစိုင်းကောင်!" "ကျုပ်ကအရိုင်းအစိုင်းကောင်ဆိုခင်ဗျားလဲအရိုင်းအစိုင်းကောင်ဘဲ!ဘာလို့ဆို ခင်ဗျားက ကျုပ်.လင်.မို့!" ဇိမ်ဌာယံဦး + အံ့မူးစေသော်