one short

7.2K 403 87
                                    

အနည်းငယ်ဟောင်းနွမ်းနေပြီဖြစ်သော ကျွန်းအိမ်ကလေး၏အရှေ့၌ ကျွန်မရပ်နေမိသည်။ပါလာသည့်စာရွက်ကိုတစ်ချက်ပြန်ကြည့်ရင်းသက်ပြင်းရှည်ကိုချလိုက်ပြန်သည်။

"တကယ်ပဲ။စာထပ်သင်ရအုံးမှာကိုး။"

ဂျင်းဘောင်းဘီ၏အိတ်ကပ်ထဲမှ စီးကရက်ဘူးကိုထုတ်ရင်း ငေးငေးငိုင်ငိုင်ကြည့်နေသည်။နောက်ဆုံးတစ်လိပ်သာကျွန်မမှာကျန်တော့သည်။ဒါကုန်ရင်ဖြတ်ရတော့မလား။အဲ့သလိုလည်းမဟုတ်။စီးကရက်က စိတ်ပျော်စေသည်။ကျွန်မအတွက်တော့ အားဆေးကလေးလိုပင်။

အနည်းငယ်ညိုဖျော့နေသောနှုတ်ခမ်း၌ စီးကရက်ကိုကိုက်ခဲရင်းအားပါးတရရှိုက်ဖွာလိုက်သည်။အိမ်အပေါက်ဝမှအရိပ်အခြေကြည့်ရင်း တစ်စုံတစ်ရာ သို့မဟုတ် လူတစ်ယောက်၏ အရိပ်အယောင်ကိုရှာဖွေနေမိသည်။

အနည်းငယ်အိုက်စက်စက်ရှိသဖြင့် ကျွန်မရဲ့ဂုတ်ထောက်နေသည့်ဆံနွယ်ကောက်ကောက်တို့ကို စုစည်းထားလိုက်သည်။

"မင်းစီးကရက်သောက်မယ်ဆိုရင် အပြင်မှာပဲကုန်အောင်သောက်ခဲ့။တို့အိမ်ထဲမှာစီးကရက်သောက်ခွင့်မပြုဘူး။"

ချိုသာနေသည့်လေသံမဟုတ်သော်ညား ဒီအသံဟာ ကျွန်မအတွက် ကြားပြီးရင်းကြားချင်စရာပင်။နောက်ကျောမှထွက်လာသည့်အသံကို သိလိုစိတ်ဖြည့် လှည့်ကြည့်မိသည်။
ဝါဝင်းနေတဲ့အသားအရည်ရယ်၊အကွာ အဝေးတစ်ခုကနေတောင် တွေ့မြင်နိုင်တဲ့ သွေးကြောစိမ်းကလေးတွေ။တစ်ခနအတွင်း ဒီအရာတွေဟာကျွန်မကိုပြုံးအောင်လုပ်နိုင်သည်။

"စိတ်မရှိပါနဲ့။"

အနည်းငယ်ခေါင်းငုံ့၍အားတုံ့အားနာပြောလိုက်သည့်အခါ ထိုအမျိုးသမီးကကျွန်မအရှေ့သို့လျှောက်လာသည်။သေချာကြည့်တော့မှ ဘယ်ဘက်မျက်ဝန်းရဲ့ထောင့်စွန်းကလေးမှာ မှည့်နက်ကလေးတစ်ခု။အကြည့်တွေကစူးရှနေသလို မျက်ခုံးနှစ်ဖက်ကတွံ့ချိုးထားသည်။

"မောင်ရင့်နာမည် နွယ်တာယာ လား။"

"ကျွန်မ မိန်းကလေးပါအန်တီ။ဒီကိုစာသင်ဖို့ မေမေကလွှတ်လိုက်လို့ပါ။"

"တိုးတိုးကလေးခိုး၍ခေါ်မည် မောင်"Where stories live. Discover now