ခေတ်မှီတိုးတက်လာတဲ့လောကကြီးမှာလူတွေက သူတို့ရဲ့နေထိုင်မှုဘဝကိုပိုမိုအဆင်မြှင့်တင်လာကြပြီး အချိန်မပေးရဘဲ လွယ်ကူသက်သာတဲ့အရာကိုအလွန်နှစ်သက်လာကြတယ်။ ဥပမာ အိမ်ရှင်မတွေအတွက် လွယ်ကူရိုးရှင်းတဲ့ မီးဖိုချောင်ပစ္စည်းတွေ ၊ လျင်မြန်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေအပြင် လူ့လောကစျေးကွက်ထဲမှာ ပိုမိုတွင်ကျယ်ပြီး အများဆုံးပြန့်နှံ့လာတာကတော့ အသင့်စားအစားအသောက်တွေပါပဲ။
ဒီအသင့်စားသုံးနိုင်တဲ့အစားအသောက်တွေဟာ အချိန်ကုန်လူပင်ပန်းသက်သာစေတဲ့အပြင် အရသာလည်းထူးကဲကောင်းမွန်တာကြောင့် လူအများစုဟာ ကျန်းမာရေးမညီညွတ်တာသိသော်လည်း စားသုံးနေကြမြဲပါပဲ။ စျေးကွက်တွင်ကျယ်လာပြီး ခေတ်မှီတိုးတက်လာတာနဲ့အမျှ အပြိုင်အဆိုင်တိုးချဲ့လုပ်ကိုင်လာတဲ့ စားသောက်ကုန်လုပ်ငန်းတွေကလည်းအများအပြားပေါ့။ သူတို့တီထွင်ဆန်းသစ်ထားတဲ့ ထုတ်ကုန်ကို လူတွေပိုစားသုံးချင်လာအောင် နည်းအမျိုးမျိုးနဲ့ပြုလုပ်ပြီး ဆွဲဆောင်လေ့ရှိကြပါတယ်။
ဒီလိုမျိုး အသင့်စားအစားအသောက်တွေကို ထူးကဲပြီးအရသာရှိအောင်ပြုလုပ်ရမှာတော့ တချို့သော စီးပွားရေးလုပ်ငန်းရှင်တွေဟာ သူတို့ရလိုမှုတစ်ခုတည်းကိုသာကြည့်ပြီး စားသုံးသူတွေရဲ့ကျန်းမာရေးအန္တာရာယ်နဲ့ ဘေးထွက်ဆိုးကျိုးကိုထည့်
မတွက်ကြတော့ပါဘူး။ အဲ့ဒါကြောင့် လူတွေဟာ ရောဂါအသစ်အဆန်းတွေခံစားလာရပြီး လူ့သက်တမ်းတိုစွာနဲ့ အရွယ်သုံးပါးမရွေး ဘေးထွက်ဆိုးကျိုးရဲ့အန္တာရာယ်ကိုရင်ဆိုင်ကြရပါတယ်။
ဒီလိုနဲ့အချိန်တွေကြာလာတာနဲ့အမျှ ကမ္ဘာကြီးဟာ လူသားတွေကြောင့် တဖြည်းဖြည်းအားအင်ချည့်နဲ့လာကာ ယိုယွင်းပျက်စီးတဲ့အထိဖြစ်လာချိန်မှာတော့ ကမ္ဘာပျက်ကပ်ကြီးတစ်ခုစတင်လာပါတယ်။ ထိုကပ်ဘေးကြီးကျရောက်ရာ ဇာတ်လမ်းအစကတော့ အသင့်စားအသားချောင်းများထုတ်လုပ်တဲ့စက်ရုံကနေ စဖြစ်တည်လာခဲ့ပါတယ်။
......................................
ချွန်းဖြောင်းရှိ အသင့်စားအသားချောင်းပြုလုပ်တဲ့ စက်ရုံက အလုပ်သမားသုံးရာကျော်ဖြင့် လည်ပတ်နေပြီး စားသောက်
YOU ARE READING
Apocalypse
Fanfictionလူသားတွေရဲ့လောဘကြောင့်ဖြစ်တည်လာတဲ့ ဘေးကပ်ဆိုးကြီးတစ်ခုဟာ ကမ္ဘာကြီးတစ်ခုလုံးပျက်သုန်း ရလောက်တဲ့အထိဖြစ်လာချိန်မှာတော့လူတွေဟာ အသက်ရှင်ဖို့တစ်ခုတည်းအတွက် ဘယ်လိုရုန်းကန်ရှင်သန်ကြရမလဲ။ ကိုယ်ရှင်သန်ဖို့အတ္တတစ်ခုတည်းကိုသာရှေ့တန်းတင်ရင်း လူသားဆန်စိတ်တွေပျော...