ဟွာရန်း ဆေးရုံ၊ ဂိုယောန် မြို့ ။
“စီနီယာ စီနီယာ ! ရောဂါရှာဖွေလို့မရတဲ့လူနာတစ်ယောက်ထပ်ရောက်လာပါတယ်”
အလုပ်သင်ဆရာဝန် SeungMin တစ်ယောက် ဂျူတီကုတ်လေးကပိုကရိုဖြင့် ပျာတိပျာယာပြေးလာတယ်။
“အင်း မြန်မြန်ခေါ်လာခဲ့ပါ”
“နေဦး SeungMin ! .. တခြားလူနာတွေအထိတ်တလန့်မဖြစ်အောင်ဂရုစိုက်ပါ သီးသန့်ဝင်ပေါက်ကလာဖို့မမေ့နဲ့နော်”
သိထားပြီးသားတာဝန်အား သေချာအောင်ပြန်သတိပေးလိုက်ရင်း SeungMin ကလည်း စီနီယာယောင်းဂျွန်းမှာတဲ့အတိုင်း လူနာကိုခေါ်လာပြီးနောက် နေရာချလိုက်ကာဆယ်ကျော်သက်သာသာကောင်လေးမှာတော့ ကုတင်ပေါ်တွင်မိန်းမောနေလျှက်
“ကျွန်တော်စစ်ဆေးကြည့်ခဲ့ပါတယ် သီးသန့်လူနာတွေရဲ့ လက္ခဏာနဲ့တစ်ပုံစံတည်းပါဘဲ စီနီယာ”
SeungMin စိတ်မသက်မသာဖြင့်ပြောလာတော့ ယောင်းဂျွန်း လူနာကိုထပ်စစ်ဆေးကြည့်လိုက်ပြီး သီးသန့်ခန်းရဲ့အပြင်ဘက်သို့ထွက်သွားကာ
“ဒီလိုဖြစ်တာဘယ်နှစ်ရက်လောက်ရှိပြီလဲ သေချာပြောပြပေးပါ”
လူနာနဲ့ပါလာတဲ့အမျိုးသမီးကြီးကို အတည်ပြုလိုဟန်ဖြင့်မေးလိုက်ပြီး
“နှစ်ရက်လောက်ရှိနေပါပြီဒေါက်တာ ဘယ်ကနေဘယ်လိုစဖြစ်လဲမသိပေမယ့် ကျွန်မသားလေးကဒီလိုမဖြစ်ခင်မှာ အစားတွေတော်တော်လေးကိုစားခဲ့ပါတယ် ပုံမှန်လူတစ်ယောက်နဲ့ကို
မတူတော့တဲ့အထိ အစားအသောက်ကိုဘဲအမြဲတောင့်တနေတာ လူငယ်ဆိုတော့အစားများများစားလည်း မပြောပလောက်ဘူးဆိုပြီးလွှတ်ပေးထားခဲ့တာ နောက်ပြီး ညဘက်တွေဆိုခေါင်းကိုက်လို့ဆိုပြီး အော်ဟစ်သောင်းကျန်းတာများ မခံမရပ်နိုင်အောင်ဘဲဒေါက်တာရယ် တစ်ညလုံးလည်းမအိပ်ဘူး အဲ့အချိန်ဆို ကိုယ်တစ်ခုလုံးကလည်းပူထူလာတာ မကိုင်ရဲသလောက်ဘဲ သူ့ခန္ဓာကိုယ်မှာလည်းအနာလိုမျိုးလေးတွေတွေ့တယ် ကျွန်မသားလေးဘာများဖြစ်တာလဲမသိဘူး ကူညီပေးပါ .. ကူညီပေးပါဦး ဒေါက်တာ !!”
YOU ARE READING
Apocalypse
Fanfictionလူသားတွေရဲ့လောဘကြောင့်ဖြစ်တည်လာတဲ့ ဘေးကပ်ဆိုးကြီးတစ်ခုဟာ ကမ္ဘာကြီးတစ်ခုလုံးပျက်သုန်း ရလောက်တဲ့အထိဖြစ်လာချိန်မှာတော့လူတွေဟာ အသက်ရှင်ဖို့တစ်ခုတည်းအတွက် ဘယ်လိုရုန်းကန်ရှင်သန်ကြရမလဲ။ ကိုယ်ရှင်သန်ဖို့အတ္တတစ်ခုတည်းကိုသာရှေ့တန်းတင်ရင်း လူသားဆန်စိတ်တွေပျော...