အကယ်၍လက်ထက်ဖြစ်ခဲ့ရင်ဆိုတဲ့စိတ်ကူးလေး မရှိတော့ကတည်းကပေါ့
မြို့ပြင်မှာအိမ်လှလှလေးတစ်လုံးဆောက်ပြီး
အပင်လေးတွေစိုက်ကြမယ်လို့
တူတူစိတ်ကူးယဉ်ဖူးတဲ့သူ မရှိတော့ကတည်းကပေါ့
ဂီတာတီးပြီး စုံတွဲသီချင်းလေးတွေဆိုကြမယ်ဆိုတဲ့
တစ်စုံတစ်ယောက်ထွက်သွားကတည်းကပေါ့
အိမ်မှူကိစ္စ စီးပွားရေးကိစ္စ သူ့တာဝန်ကိုယ့်တာဝန်မခွဲပဲ
အားလုံးကို တူတူတာဝန်ယူပြီး ပျော်ပျော်နေရအောင်ဆိုတဲ့
လူသားလေး ထားခဲ့ကတည်းကပေါ့
တစ်ယောက်ဝါသနာကို တစ်ယောက် ထောက်ပံ့ပေးရင်း
အချိန်ကုန်ဖို့ သဘောတူခဲ့ဖူးတဲ့
သူက ချန်ခဲ့ကတည်းကပေါ့
ဆိုးတူကောင်းဖက်ဆိုတဲ့ ဝေါဟာရလေးအတိုင်း
တူတူအိုမင်းကြဖို့ တူတူကတိပေးဖူးတဲ့
သွေးသောက်ရဲဘော်လေး မရှိတော့ကတည်းကပေါ့
နောက်ဆုံးအသက်ရှူသံလေးကို အပြန်အလှန်ကြားချင်တယ်ဆိုတဲ့
ထိုလူသားလေး ပစ်ချခဲ့ကတည်းကပေါ့
တစ်ယောက်လက်မောင်းပေါ် တစ်ယောက် ခေါင်းချကြဖို့
သစ္စာဆိုဖူးတဲ့ အဲဒီလူတစ်ယောက်
အရာရာကို ဖြတ်တောက်ခဲ့ကတည်းကပေါ့
သေခြင်းတရားကြောင့် ဝေးကွာခဲ့ရင်တောင်
စိတ်ဝိညာဉ်ချင်းတော့ မဝေးနိုင်ကြောင်း ပြောခဲ့ဖူးတဲ့သူတစ်ယောက်
ရှင်လျှက် ထားခဲ့ခံရကတည်းကပေါ့
ဟုတ်တယ်
အဲ့ဒီနေ့ အဲဒီအချိန် အဲဒီကတည်းက
ကိုယ့်ကိုယ်ကို ကျပျောက်သွားခဲ့တာပဲ
ခုထိပြန်ရှာမတွေ့တော့ဘူး
အတူသွားဖူးတဲ့ဘုရားမှာလဲ မတွေ့ခဲ့ဘူး