ကလင် ကလင် ကလင်
အိမ်ရှေ့ကဘဲသံကြောင့် ဆော့ဂျင်အိပ်မှုန်စုံဖွားနဲ့ထကြည့်လိုက်မိတယ် ၊ နာရီကိုတစ်ချက်ကြည့်လိုက်မိတော့ မနက်လေးချက်တီး
"ဒီအချိန်ငါ့ဆီလာစရာလည်းဘယ်သူမှမရှိပါဘူး
သူအတွေးတို့နှင့်အတူ တံခါးပေါက်ဆီလျှောက်သွားရင်း ဘယ်သူလဲဆိုတာကိုအရင်ကြည့်လိုက်တော့ သူမသိသည့်သက်လတ်ပိုင်းအမျိုးသားတစ်ယောက် ပုံစံကအလောတကြီးဆန်နေသည်မို့ သူတံခါးအမြန်ပင်ဖွင့်ပေးလိုက်သည်။ ခုချိန်သူတို့တိုင်းပြည်မှာက ခိုးဆိုးလုနှိုက်တွေအရမ်းပေါပြီး သိပ်ကိုအန္တရာယ်များနေသည်မလား ၊ သူ့အိမ်ရှေ့ကလူက ဒုက္ခရောက်လာတာမျိုးလည်းဖြစ်နိုင်သလို အင်းးး သူ့ကိုဒုက္ခပေးမည့်သူလည်းဖြစ်နိုင်တယ်လို့စဉ်းစားမိပေမယ့် သူ့စိတ်ထက် လက်ကအမြန်ရောက်နှင့်ပြီးနေပြီ.။
"ဘာကိစ္စ..
"ဟင်..
သူ့အမေးစကားမဆုံးခင် သူ့လက်ထဲသို့ရောက်လာသော စာထုတ်ကလေး ၊ သူသိလိုစိတ်နဲ့ ထိုသူ့မျက်နှာကိုသေချာကြည့်လိုက်တော့ ထိုသူက သူ့ကိုကြည့်မနေ ..
"ဒါက
"ခင်များအတွက်
သူ့စကားမဆုံးခင်ပင် ဖြတ်ပြောလာတဲ့စကားတိုတိုပြတ်ပြတ်
"ဘယ်သူပေးတာလဲ
"ဖတ်ကြည့်ပေါ့ဗျာ ကျုပ်သွားပြီ
စကားဆုံးသည်နှင့်တပြိုင်နက် နောက်ဆံတင်းခြင်းကင်းစွာထွက်ခွာသွားခဲ့ပြီဖြစ်တဲ့ကျောပြင်ကိုအအေးပတ်ခံပြီးလိုက်ကြည့်မနေတော့ ..
သူပြောသွားတယ်လေ သိချင်ဖတ်ကြည့်တဲ့ အထဲမှာတော့ဘယ်သူပေးတယ်ဘာညာဆိုတာတွေအကုန်ပါမှာပဲမလား...
စာအိတ်က ပုံမှန်မြင်နေကျပုံစံမဟုတ်ပဲ ကွဲထွက်နေပြီး အင်း စာအိတ်မဟုတ်ပဲ စာထုတ်လို့သုံးနှုန်းမှမှန်မယ်ထင်တယ် ၊ တကယ်ကို စာအစောင်ရေ အတော်များများပါမယ်ထင်တယ်..
သူထိုစာထုတ်ကိုဖတ်ဖို့ အခန်းထဲကိုဝင်လာရင်း စာအိတ်ကိုဖွင့်လိုက်တယ်ဆိုရင်ပဲ ရင်းနီးနေတဲ့အနံ့အသက်လေးက သူ့ရင်ကိုခုန်လှုပ်စေတယ် ၊ သူကြိုက်တယ်ပြောဖူးတဲ့ရနံ့ပါတဲ့အမွှေးဖောင်တိန်လေးကို ခုထိသုံးနေတုန်းပဲလား.......