ကံကြမ္မာရထားဝယ်.....

140 14 19
                                    

၁၉၀၀ပြည့်နှစ် အလယ်ပိုင်းများတွင် ပြည်ပရောက်ကိုရီးယားနိုင်ငံသားများက ပြည်တွင်းအခြေအနေငြိမ်သက်လာမှုတို့ကြောင့် ပြည်တွင်းသို့အခြေချနေထိုင်ရန် ပြန်လည်ပြောင်းရွှေ့လာကြသည်။ အရွှေ့အပြောင်း အဝင်အထွက်များ များပြားလွန်းလှသည်မို့ ဗြိတိန်-ကိုရီးယားရထားလိုင်းများတွင် လူထောင်ပေါင်းများစွာဖြင့် ပြည့်သိပ်လျက်ရှိသည်။ ခေတ်ကာလသဘောတရားအရ လေကြောင်းလိုင်းများထက် ထိုကဲ့သို့သော ရထားလိုင်းများကိုသာ အသုံးများကြသည်။ စစ်ကာလတွေမှာ ပြည်ပသို့ပြောင်းရွှေ့ခဲ့ကြသော အသိုင်းအဝိုင်းကြီးများကပင်လျှင် မိသားစုလိုက် ပြန်လည်ရောက်ရှိလာကြသည်မှာ နိုင်ငံအတွက် ကောင်းသောအရွေ့တစ်ခုပင်ဖြစ်သည်။ 

"ဝါး    မာမီ  သားတို့နိုင်ငံကလည်း အတော်လေးကိုလှတာပဲ အနောက်နိုင်ငံတွေလှတယ်ဆိုတာ ဟန်းဂုကိုမမှီသေးဘူးပဲ

"ဒါပေါ့သားရဲ့  မာမီတို့ရဲ့အမိမြေက စစ်တွေသာမရှိခဲ့ဘူးဆိုရင် ဒီထက်အဆပေါင်းများစွာ လှပနေဦးမှာ 

ငေးရင်းဆွေးရင်းဆိုသည့်အတိုင်း မာမီကပြောခဲ့တော့ ဒယ်ဒီကမာမီ့ကိုကြည့်ပြီး အကြည်သာဆုံးပြုံးရင်း မာမီ့ပုခုံးလေးကိုဖက်ကာ မာမီ့ခေါင်းကိုသူ့ပုခုံးပေါ်သို့နေရာချပေးသည်။ မာမီနဲ့ဒယ်ဒီက နိုင်ငံရေးအရှုပ်အထွေးတွေကြောင့်သာ အမိမြေကိုစွန့်ခွာခဲ့ကြပါသော်လည်း ဟန်းဂုသွေးအပြည့်ပါသူများဖြစ်သည့်အလျောက် ပြည်ဝင်ခွင့်ရသည်နှင့်တပြိုင်နက် မိသားစုလိုက်ပြန်လည်ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။ မာမီသည် အနောက်နိုင်ငံတွင်မပျော်ရွှင်နိုင်ပဲ အမြဲတစေပင် အမိမြေကိုသတိရနေတတ်သည်ကို သူအရွယ်ရောက်သည့်အချိန်ကတည်းကသတိထားမိခဲ့ပါသည်။ ထိုသို့သောအချိန်တိုင်းတွင်လည်း ဒယ်ဒီက အနူးညံ့ဆုံးသောယုယမှုများဖြင့်ချော့မြူ ထွေးပိုက်ပေးလေ့ရှိသည်။ 

မာမီနှင့်ဒယ်ဒီကြောင့်ပဲ သူမွေးကတည်းကမရောက်ဖူးခဲ့သည့်ဟန်းဂုကိုချစ်မြတ်နိုးနေမိသလို
ဖြစ်နိုင်မယ်ဆို ဒယ်ဒီနဲ့မာမီလို နှစ်နှစ်ကာကာချစ်မြတ်နိုးရမည့်သူကိုလည်းမျှော်လင့်မိပါရဲ့....
သူကတော့ စံချိန်စံနှုန်းတွေဆိုတာထက်လေ ချစ်မိသွားဖို့ကိုပဲလိုအပ်တယ်၊ ရှည်လျားခက်ခဲလွန်းလှတဲ့ဘဝခရီးကြမ်းကြီးမှာ ပုခုံးပေါ်ထမ်းပိုးရမယ့်ဒုက္ခတွေကို ကူညီသယ်ယူပေးမယ့်သူ ၊ ပျော်ရွှင်စရာအခိုက်အတန့်တွေကိုမျှဝေရမယ့်သူ၊ မျက်နှာလေးမြင်ရရုံ အသံလေးကြားရရုံလောက်နဲ့ အမောအပန်းပြေစေနိုင်မယ့်သူ ၊ ဒီလိုမျိုးလူတစ်ယောက်က ဘဝထဲမှာ ရှိကိုရှိနေသင့်တယ်မဟုတ်လား။ သူကလည်း အဲဒီလိုလူဖြစ်ပေးပြီး သူ့အတွက်လည်း အဲဒီလိုလူဖြစ်ပေးမယ်ဆို သူအဲဒီလူနဲ့ ဒီဘဝမဟုတ်ဘူး တစ်သံသရာလုံးကိုဖြတ်ကျော်ချင်မိပါတယ်.....

Disenchantment≤short≥Where stories live. Discover now