အဖြူရောင်ချစ်ခြင်း🌈
[WHITE LOVE ❄️]
အပိုင်း၁၀❄️
"ဝှား"
တေး တစ်ချက်သမ်းလိုက်ပြီး ပျင်းကျောဆန့်လိုက်သည်။နောက် ဘေးဘီကို ဝေ့ဝှိုက်ကြည့်လိုက်တော့ သူကတေးကို အပေါ်က ဆီးကြည့်နေသည်။
"စည်း နင် နှိုးနေပြီလား အဖျားရောကျသွားပြီလား"
တေး သူ့နှဖူးပြင်ကို လက်နဲ့စမ်းသပ်ကြည့်လိုက်တော့နည်းနည်းနွေးနွေးလေးသာရှိတော့သည်။သူ့အခြေအနေလဲ စိတ်ချရပြီမို့ တော်သေးသည်။
ဒါပင်မယ့်တေး သူ့ကို ဆေးတစ်လုံးတော့တိုက်ထားရဉီးမည်။တေး ကုတင်ပေါ်မှ ကုန်းရုံးထလိုက်တော့ဘေးမှာ လှဲနေတဲ့သူက တေးကိုမျက်စောင်းလေးထိုးရင်း"မိန်းမလေး ပြန်အိပ်ရအောင်လေ နော် ယောက်ျားအိပ်ချင်သေးတယ် "
"စည်း"
ချွဲချွဲ နွဲ့နွဲ့ နဲ့မိန်းမဆိုး တစ်ယောက်လိုပြောလာတဲ့သူ့ကို တေး ခပ်ကျယ်ကျယ်အော်လိုက်မိသည်။သူ့မျက်နှာက တော့ ခုထိ မချိုမချဉ်။
"ဘာလဲ မိန်းမလေး "
"နင့်ကိုငါမေးစရာရှိတယ် နင်မနေ့ကထဲက ဘာဖြစ်နေတာလဲ နင်ခရီးပန်းတယ်လေးနေမကောင်းဘူးလေးပြောပြီးတော့ ဘာလို့ရေဆင်းကူးနေတာလဲ"
တေး အမေးကို သူက မဖြေ ခဏကြာမှ
"ငါ ငါလဲပူလို့ရေဆင်းကူးတာ ဘာဖြစ်လို့လဲ"
စည်း ထပ်လိမ်လိုက်မိပြန်ပြီ။ငါရေနစ်တာနင်မှတ်လို့နင့်ကို ကယ်ဖို့လာတာ လို့ ဘာလို့စည်းရဲ့ဟော့ဒီ့ပါးစပ်ကြီးကပြောမထွက်သည်မသိ။သူမကို ချစ်နေမိပြီဆိုတာကိုလဲကိုယ့်ကိုယ်ကိုယ် ခုထိမယုံနိုင်သေး။စည်းလို ချောမောခန့်ညားတဲ့သူ တစ်ယောက်က ဒီဗရုတ်သုက္ခမလေးကို ဘယ်ထဲက ချစ်မိသွားသည်မသိ။
"ဘာမှတော့မဖြစ်ဘူး အခုနင်ဖျားနေပြီမလား
ငါတို့ဒီနေ့ပဲ ရန်ကုန်ပြန်ရအောင် ""ယောက်ျားဖျားနေလဲ မိန်းမလေးရှိတာပဲ ဘာပူစရာလိုလို့လဲ ဒါပင်မယ့် မိန်းမလေးပြန်ချင်ရင် လဲ ပြန်ကျမယ်လေ "

YOU ARE READING
အဖြူရောင်ချစ်ခြင်း🤍💙(complete)အဖြူရောင်ချစ်ခြင်း🤍💙zawgyi&uni(complete)
Romanceတစ်ယောက်နဲ့ တစ်ယောက် ကတောက်ကဆတွေဖြစ်ခြင်းကခွဲမရအောင်ချစ်သွားတတ်လား။ ဒီတစ်ခေါက်သာသာ မိတ်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ မတည့်အတူနေ အိမ်နီးချင်းသူငယ်ချင်းနှစ်ယောက်အလွဲလွဲ အမှားမှား ရန်တွေဖြစ်ရင်းဘယ်လိုတွေချစ်သွားကြမလဲ သူတို့ အချစ်ရေးကရောအဆင်ပြေပါ့မလားဆိုတာ...