အဖြူရောင်ချစ်ခြင်း🌈
[WHITE LOVE ❄️]
အပိုင်း၂၆❄️
""ငါဒီနေ့ နင့်အတွက် ဝမ်းသာစရာစကားတွေ ယူလာတာလေ ငါတို့မှာကလေးလေး ရှိတော့မယ်လေ စည်းရယ်""
တေး ပြုတ်ကျသွားတဲ့ ချိုင့်လေးကို တောင်ပြန်မကောက်နိုင်ဘဲ အခန်းရှေ့က အမြန်ဆုံးပြေးထွက်လာမိသည်။အခန်းထဲမှာ သူတို့တွေ ဘယ်လိုဖြစ်နေတာလဲ တေးမသိချင်ဘူး ။မြင်လဲ မမြင်ချင်ဘူး။သူတို့ရဲ့စကားသံတွေကိုလဲ တေး မကြားချင်တော့ဘူး။မယုံတော့ဘူး ။တေး အချစ်ဆိုတာကို နောက်ထပ်မယုံတော့ဘူး။မျက်ရည်တွေနဲ့အတူ ရှိုက်သံလေးသဲ့သဲ့က လမ်းတစ်လျှောက်လုံး လွင့်ပျံနေစဲ။
ရက်စက်တယ်။စည်းနင်သိပ်ရက်စက်တယ်ဟာ။ဒါပင်မယ့် ငါ့နှလုံးသားက နင့်ကိုမမုန်းနိုင်ဘူး။""တီ...တီ..""
""အမေ့ ""
တေး ဘာကိုမှ ဂရုမစိုက်ဘဲ လမ်းတစ်လျှောက်လုံး
ခေါင်းလေးငုံ့ပြီးပြေးလာခဲ့တာ အရှိန်နဲ့မောင်းလာတဲ့ကားတစ်စီးရှေ့မှာ ခွေခွေလေးလဲကျသွားရသည်။
သားအိမ်က နာကျင်မှုနဲ့ အတူ အတွင်းဘက်ကနေတေးခြေသလုံးအထိစီးကျလာတဲ့သွေးတွေက မြင်မကောင်း။နာကျင်မှုကို ဂရုမထားနိုင်ဘဲတေး မျက်ဝန်းတွေက ထိုသွေးစီးကြောင်းတွေဆီသို့။
ဟင့်အင်း မဖြစ်ရဘူး။ဒီလိုမဖြစ်ရဘူးလေ။ဒါသူနဲ့တေးရဲ့ ချစ်ခြင်းသင်္ကေတလေး။ပြီးတော့ သူနဲ့တေးရဲ့သွေးသား။ခုချိန်မှာ တေး တစ်ခုထဲသောခင်တွယ်စရာ။'"ကလေး..ငါ့ကလေး ""
နာကြည်းမှု ခံပြင်းမှု ဝမ်းနည်းကြေကွဲမှုတွေနဲ့အတူ တေးရဲ့လောကကြီးသည်ခဏတာ အမှောင်ကြသွားခဲ့ရသည်ဆိုပါလျှင်။
💚💚💚~~~
""သွားတော့ ပေဖူးလွှာ ""
""ဘာလို့လဲ စည်းရဲ့ ခုနကပဲ ""
ခုနက အပြုအမူတွေနဲ့ တခြားစီဖြစ်အောင်တင်းမာသွားတဲ့ စည်းရဲ့ မျက်နှာကို ကြည့်ကာ လွှာပြောလိုက်မိသည်။ခုနတုန်းကပဲ လွှာ့လက်လေးကို ဆုပ်ကိုင်ပြီး ချစ်စကားတွေရွှမ်းရွှမ်းဝေအောင်ပြောနေတဲ့သူက ခုတော့ မျက်နှာကြီးကို တင်းကာ နှင်ထုတ်နေပြန်သည်။

YOU ARE READING
အဖြူရောင်ချစ်ခြင်း🤍💙(complete)အဖြူရောင်ချစ်ခြင်း🤍💙zawgyi&uni(complete)
Romanceတစ်ယောက်နဲ့ တစ်ယောက် ကတောက်ကဆတွေဖြစ်ခြင်းကခွဲမရအောင်ချစ်သွားတတ်လား။ ဒီတစ်ခေါက်သာသာ မိတ်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ မတည့်အတူနေ အိမ်နီးချင်းသူငယ်ချင်းနှစ်ယောက်အလွဲလွဲ အမှားမှား ရန်တွေဖြစ်ရင်းဘယ်လိုတွေချစ်သွားကြမလဲ သူတို့ အချစ်ရေးကရောအဆင်ပြေပါ့မလားဆိုတာ...