နှစ်ဆယ့်တစ်

59 4 0
                                    

Unicode :

ဆောင်းရာသီ မနက်ခင်းဟာ တော်တော်လေး အေးစိမ့်လျက် ရှိသည်။ နောက်နှစ်ပတ်လောက်ဆို ရောက်ရှိလာတော့မယ့် ခရစ်စမတ်အတွက်လည်း လီယန် စိတ်လှုပ်ရှားလျက် ရှိနေသည်။

ဤနေ့ မနက်စောစော နိုးတာမို့ ပြတင်းပေါက်ဘက် ခေါင်းပြူကာ ကြည့်လိုက်သည်။ ဒီနေ့လည်းပဲ နှင်းမကျသေးပြန်ဘူး။

ငယ်ငယ်ကဆို နှင်းတွေ တဖွဲဖွဲ ကျတဲ့နေ့ မိုးမခပင်ကြီးအောက်မှာ သူရယ်၊ နေးလ်ရယ်၊ မတ်သရူးရယ်ဟာ နှင်းဘောလုံး ပစ်ကစားလေ့ရှိကြသည်။ နှင်းလူသားရုပ်လည်း လုပ်ရင်းပေါ့....။

မတ်သရူးဆိုမှ သတိရသည်။ ဒီနေ့ဟာ မတ်သရူး သူ့မြို့ကလေးကို ပြန်မည့်နေ့ဖြစ်သည်။ မတ်သရူးကတော့ သူ့အစ်ကိုနဲ့ ဆုံစည်းခဲ့တဲ့ မြို့လေးမှာပဲ ပြန်အခြေချချင်တယ်တဲ့လေ....။

ရှစ်နာရီခွဲရထားထွက်မှာမို့ သူနဲ့ နေးလ်က မတ်သရူးကို ဘူတာလိုက်ပို့ရမည်ဖြစ်သည်။

စားပွဲပေါ်က နာရီလေးကို လှမ်းကြည့်လိုက်တော့ အချိန်ကား ခုနစ်နာရီထိုးနေချေပြီ။ အချိန်သိပ်မရတော့ပြီမို့ သူ ခပ်သွက်သွက်ပြင်ဆင်ရတော့မည်ဖြစ်သည်။

အမြန်နှုန်းနဲ့ ဖြီးလိမ်းပြင်ဆင်တာတောင် ခုနစ်နာရီ ခွဲနေပြီဖြစ်တာမို့ သူ မနက်စာစားဖို့ အချိန်မရတော့။ ဒါကြောင့် ထမင်းစားပွဲပေါ်က ထောပတ်သုတ်ထားတဲ့ ပေါင်မုန့်နှစ်ချပ်ကို ဆွဲယူကာ လမ်းရောက်မှသာ စားရန် ဆုံးဖြတ်လိုက်သည်။

"လီယန်...အလုပ်သွားမို့လား"

ဧည့်ခန်းထဲမှာ သိုးမွေးထိုးနေတဲ့ မေမေက သူ့ခြေသံကြောင့် လှမ်းမေးသည်။

"စနေနေ့မို့ စာတိုက်ပိတ်တယ် မေမေ။ နေ့လယ်မှ စာအုပ်ဆိုင်သွားရမှာ။ အခုက မတ်သရူးကို ဘူတာ လိုက်ပို့မလို့"

"အို...ဒါဆို ဘူတာနားက ကုန်တိုက်မှာ ခရစ်စမတ်အတွက် လိုအပ်တာတွေ ဝယ်ခဲ့ပေးပါဦး"

"ဟုတ်ပြီ မေမေ"
.
.
.
.

လက်ထဲက ပေါင်မုန့်ကို တစ်ကိုက်ကိုက်ကာ မတ်သရူးတို့ အိမ်ထဲ ဝင်လာလိုက်သည်။ မတ်သရူးတို့အိမ်ကား နှစ်ထပ်အိမ်ကလေးဖြစ်၏။  အတက်အဆင်းက ဖိနပ်အပြာလေးကို မြင်လိုက်သည်နှင့် နေးလ်ရောက်နေပြီမှန်း သူသိလိုက်သည်။

𝐑𝐡𝐲𝐭𝐡𝐦 𝐨𝐟  𝐭𝐡𝐞 𝐑𝐚𝐢𝐧 [ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]Where stories live. Discover now