သုံး

170 8 14
                                    

Unicode :

မြို့ထဲကတော့ စည်စည်ကားကားပါပဲ။ စာအုပ်ဆိုင်တွေရယ်၊ ကော်ဖီဆိုင်တို့ရယ်စသဖြင့်ပေါ့။ မြို့အစွန်မှာ နေတဲ့သူတို့ကတော့ လယ်ကွင်းတွေရယ်၊ ပန်းခင်းတွေကြားမှာသာ ကြီးပြင်းလာရသည်။

"လီယန် ငါစာအုပ်အရင်ငှါးလိုက်ဦးမယ်နော်"

နေးလ်ကို ပေးထားတဲ့ ကတိအတိုင်း သူက မြို့ထဲက ဆတ်ကတ်ပြပွဲကို လိုက်လာခဲ့ရသည်။ အပြင်သိပ်မသွားတတ်တဲ့ သူ့အဖို့တော့ စည်စည်ကားကားနေရာတွေဟာ အနည်းကျဉ်းတော့ စိတ်ရှုပ်စရာ။ သို့ပေမဲ့ သူငယ်ချင်းအလိုကျ လိုက်ပေးရဦးပေမည်မို့။

စာအုပ်ဆိုင်ထဲရောက်တော့ နေးလ်က သူ့တောင်မစောင့်ပဲ စာအုပ်စင်တွေဆီ သွားပြီဖြစ်သည်။ ဒါကြောင့်မို့ သူလည်း စာအုပ်ဆိုင်ထဲ ဟိုဟိုဒီဒီ လျှောက်ပတ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ သူက စာတအားဖတ်တတ်တဲ့သူ မဟုတ်ပါချေ။ သို့သော် ရံဖန်ရံခါတော့ ဖတ်ဖြစ်ပါ၏။

စာအုပ်တွေကို လိုက်ကြည့်ရင်းနှင့်ပင် စာအုပ်စင်၏ အမြင့်ထောင့်တစ်နေရာက မျက်နှာဖုံးအညိုရောင်နှင့် စာအုပ်လေးတစ်အုပ်က သူ့မျက်လုံးထဲ နေရာယူသွားသည်။ လှမ်းယူရန် စာအုပ်ရှိရာဆီ လက်လှမ်းလိုက်ပေမဲ့ စာအုပ်က သူ့လက်နဲ့ အနည်းငယ် ကွာနေတာမို့ မမှီပေ။ ထိုစဉ် လက်ရှည်ရှည်သွယ်သွယ်လေးဟာ သူ့လက်တွေပေါ်က အုပ်မိုးကာ ထိုစာအုပ်လေးကို ယူသွားတော့သည်။

"လီယန်က စာဖတ်ရတာ ဝါသနာပါတယ်လား"

သူအလွတ်မှတ်မိနေတဲ့ ဩရှရှအသံ ပိုင်ရှင်လေး။ အထူးသဖြင့် ရံဖန်ရံခါ သူ့အိပ်မက်တွေထဲ ရောက်ရောက်လာတတ်တဲ့ အသံပိုင်ရှင်ပေါ့။

ဗန်က စာအုပ်ညိုလေးကို သူ့အား ကမ်းပေးရင်း မေးလာသည်။

"ဝါသနာမပါပေမဲ့ တခါတလေတော့ ဖတ်ဖြစ်ပါတယ် ဗန်"

ဒါကို ဗန်က ပြုံးကာ...

"ဗဟုသုတရှိအောင် စာများများဖတ်မှပေါ့ လီယန်ရယ်"

အံမယ်! သူ့ပုံကပဲ စာဖတ်နည်းလို့ ဗဟုသုတမရှိတဲ့ပုံလိုလို။ စိတ်ထဲထောင်းကနဲဖြစ်သွားတာမို့ ဗန့်ကို ပေစောင်းစောင်းကြည့်ပစ်လိုက်သည်။

𝐑𝐡𝐲𝐭𝐡𝐦 𝐨𝐟  𝐭𝐡𝐞 𝐑𝐚𝐢𝐧 [ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ]Where stories live. Discover now