Second Lady ( part 1 )

7.2K 119 11
                                    

Unicode ....

ကောင်းကင်တစ်ခုလုံးဟာမဲနက်နေပြီးမိုးများဟာအငြိုးကြီးစွာရွာသွန်းနေပြီးအရှိန်ပြင်းထန်လွန်းတဲ့လေတိုက်ခတ်မှုကြောင့်ခြံပတ်ပတ်လည်မှာရှိနေတဲ့သစ်ပင်များမှာယိမ်းနွဲ့နေပြန်သည်။ ဒေါသတကြီးအော်ဟစ်နေတဲ့မိုးခြိမ်းသံများကအလွန်ကျယ်လောင်ကာ လျှပ်စီးများလင်းလက်မှုကြောင့် မိုးရေထဲမှာရန်ဖြစ်နေသည့်လူနှစ်ယောက်ကိုတချက်တချက်ရှင်းလင်းစွာမြင်နေရသည်။

ထိုလူနှစ်ယောက်ဟာတစ်ယောက်ကလှပလွန်းမိန်းမငယ်တစ်ဦးဖြစ်ပြီးနောက်တစ်ယောက်မှာဒေါသအရှိန်တွေပြည့်နှက်နေကာမျက်လုံးစိမ်းစိမ်းတွေပိုင်ဆိုင်ထားတဲ့အမျိုးသားတစ်ဦး။

" ငါလို့ကောင်ကိုလှည့်စားလိုက်ရတာ
အတော်မှအရသာရှိရဲ့လား ဟင် ! "

မိုးသံများခြားထဲမှာတောင်ပြတ်သားကြည်လင်စွာကြားရတဲ့သူရဲ့အသံ။ သူရဲ့အရှေ့ကမိန်းခလေးကလဲသူကိုကြောက်လန့်ခြင်းတစိုးတစိတ်မျှမရှိ ခပ်နဲ့တဲ့တဲ့အပြုံးမျိုးနဲ့သာသူ့ကိုကြည့်နေလေသည်။

အရမ်းချစ်ရတဲ့မိန်းမ အခုတော့အရမ်းမုန်းရတော့မဲ့မိန်းမ...

" မင်းငါ့ကိုအရူးလုပ်နေတာဘယ်လောက်ကြာပြီလဲ ။ ငါဒီလောက်လိုလေသေးမရှိထားပြီး ချစ်နေပေးတာတောင်မင်းအပေါ်ဘာတွေများလစ်ဟာသွားလို့ဒီလိုလုပ်ရပ် လုပ်တာလဲ ဟမ်! ဘာလို့ငါ့လိုလူအပေါ်ကိုကျမှ သစ္စာမဲ့ဖောက်ပြန်တာလဲ ! "

" ...... "

" Say ! "
( ပြော ! )

ဒေါသအော်သံနဲ့အတူလျှပ်စီးဟာလဲသူတို့မျက်နှာပေါ်ကိုတစ်ချက်လင်းလက်သွားပြန်သည်။ သူ့ဘက်မေးခွန်းတွေဘယ်လောက်ထုတ်ထုတ် ထိုမိန်းမဟာဘာတစ်ခွန်းတလေမှ ဖွင့်ဟမလာခဲ့ အသဲယားစရာကောင်းအောင်သာမျက်နှာအမူအယာမျိုးစုံလုပ်ပြနေလေသည် ။ သူရင်ထဲကနေနှစ်နှစ်ကာကာချစ်ခဲ့တဲ့မိန်းမဟာ ဒီလိုရွံ့စရာကောင်းမှန်းအခုမှသိရလေပြီ ဘယ်လောက်တောင်တုံးအ ခဲ့ရသလဲ...။

" ကျွန်မပြောမဲ့စကားလုံးတွေ
ရှင့်ရဲ့နားနဲ့သေချာနားထောင်
စိုင်းဗညားဆက် !!! "

နှင်းဆီဝင်္ကပါ( OR ) Second LadyWhere stories live. Discover now