Second Lady( part 6 )

1K 38 2
                                    

Unicode...

မနက်ခင်း၄နာရီပဲရှိသေးချိန်၌ ဂေဟာတစ်ခုလုံးကိုဖုံးလွှမ်းသွားသည့်ဂေဟာမှူးရဲ့ဘုရားစာရွက်အသံတချို့။မနက်တိုင်းအေးချမ်းလှသည့်အသံနဲ့အတူ နိုးထရတဲ့မနက်တိုင်းဟာဘယ်လောက်ပဲမနက်စောစောထရထရစိတ်ကိုကြည်လင်စေရသည်။

တချို့ခလေးတွေကတော့အိပ်နေသေးပေမဲ့နှင်းဆီနဲ့ရွယ်တူလေးတွေကတော့ ခလေးတွေစားဖို့အတွက်ထမင်းချက်အန်တီကြီးနဲ့အတူဝိုင်းကူပေးရသည်။ဟင်းချက်ရတာကလဲနှင်းဆီရဲ့ပျော်မွေ့ရာတခုလို့ဆိုရမလား ဟင်းတွေချက်ရရင်ဖြစ်ဖြစ်ဝိုင်းကူရရင်ဖြစ်ဖြစ်ကျေနပ်ပီတိဖြစ်နေတာတော့အမှန်ပင်...။

" ကလေးတွေဟင်းရွက်တွေကိုသေချာခြွေကြနော်
အရိုးရင့်တွေလဲ မထည့်နဲ့ဦး..."

" ဟုတ်ကဲ့ "

" သမီးနှင်းဆီ ကြက်သွန်အနီအခွံနွှာရတာမွှန်နေရင်
  တခြားဟာပြောင်းလုပ်ပါလား "

" အဟီး။ ရပါတယ်ကြီးကြီးရဲ့နှင်းဆီဘာမှမဖြစ်ပါဖူး "

" ဘာမှမဖြစ်တာသာပြောတာပါအေ ညည်းမျက်နှာတစ်ခုလုံးလဲ
  မျက်ရည်တွေပေကျံ့နေပါပြီ။ တော်တော့ တော်တော့ ကြက်သွန်ကအဲ့လောက်ဆိုရပြီ ကန်စွန်းရွက်ပဲခြွေပေး..."

ကြက်သွန်မွှန်ပြီးနှာတရှုပ်ရှုပ်ဖြစ်နေတဲ့နှင်းဆီလက်ထဲကနေ ဓားနဲ့ကြက်သွန်ဗန်းကိုယူသွားပြီးခြွေဖို့ရာ ကန်စွန်းရွက်တွေကိုသာချပေးလေသည်။တကယ်ရပါတယ်လို့ပြောလဲ လူကြီးစကားနားမထောင်ဖူးလားလို့ဆူပြန်သေးတော့ငြိမ်ပြီးသာအရွက်ခြွေနေလိုက်တယ်လူကြီးတွေအငြိုအငြင်တော့နည်းနည်းလေးမှမခံချင်ပါ ။

" ရော့ ငါနင့်အတွက်မုန့်ယူထားတာ "

" နင်ဘယ်လိုယူလာတာလဲ
ထမင်းချက်ကြီးကြီး တွေ့သွားဦးမယ် "

" မတွေ့အောင်စားလေ နင်အဲ့လိုပြောနေမှသိကုန်တော့မယ် "

" ပြီးရော ပြီးရော "

ဝိုင်းကူလုပ်ပေးတဲ့နေရာမှာ နှစ်ယောက်တစ်တွဲစီကူလုပ်ကြရတယ်။အလုပ်လုပ်ချိန်မှာမုန့်စားလို့မရပေမဲ့ သူငယ်ချင်းအချင်းချင်း မုန့်တွေခိုးထည့်လာပေးပြီးနှစ်ယောက်အတူတူစားကြသေးတာဂေဟာမှူးတွေ့သွားလို့ အဆူခံရပြီးအပြစ်ပေးခံရတော့လဲနှစ်ယောက်အတူတူပေါ့ ဘယ်လောက်ပျော်ဖို့ကောင်းလိုက်သလဲ။အားလုံးထဲမှာနှင်းဆီကတော့ကွဲပြားနေတာပါ အလုပ်ဝိုင်းကူတော့လဲတယောက်ထဲ အခုလိုလေးမုန့်ခိုးယူလာပေးမဲ့သူငယ်ချင်းလဲမရှိအမြဲအထီးကျန်နေရတာ တခြားသူငယ်ချင်းတွေကမိဘမဲ့ချင်းအတူတူဖေးမ‌ကြပေမဲ့ နှင်းဆီကိုတော့ဘာကြောင့်ဖယ်ကျဉ်ထားလဲနှင်းဆီလဲသူတို့လို မိဘမဲ့တယောက်ပဲလေဘာတွေများထူးခြားသွားလို့လဲ တကယ်နားမလည်နိုင်ခဲ့ပါ။

နှင်းဆီဝင်္ကပါ( OR ) Second LadyOpowieści tętniące życiem. Odkryj je teraz