Second Lady ( part 2 )

1.4K 63 1
                                    

Unicode...

" အန်တီအနေနဲ့ဒီဂေဟာကိုရောင်းထုတ်
ဖို့အစီအစဉ်တကယ်မရှိတာပါ "

ခပ်ကျယ်ကျယ်အခန်းတစ်ခုထဲတွင်လူတစ်စုနဲ့အတူမိန်းမတစ်ဦးဟာမျက်နှာချင်းဆိုင်ထိုင်ကာကိစ္စတချို့ကိုဆွေးနွေးနေကြသည်။

" ကျွန်တော်ဘက်ကထပ်ပြောချင်တာကအန်တီရဲ့စိတ်ဆုံးဖြတ်ချက်ကို
ပြန်ပြင်စေချင်တယ်။ ဒီဂေဟာကိုရောင်းထုတ်လိုက်လို့ အကျိုးယုတ်သွားတာမျိုးမဖြစ်စေရဖူးလို့ ကျွန်တော်အာမခံတယ် "

ဒေါ်သက်ထားဟာသူ့အရှေ့ကလူရွယ်ကိုခပ်ပြုံးပြုံးသာပြန်လည်တုန့်ပြန်လိုက်တယ်။‌ဒီဂေဟာမှူးဖြစ်တဲ့သူ့စီမှာဂေဟာကိုဝယ်ချင်နေတဲ့လူတွေဟာ ခေသူမဟုတ်မှန်းကောင်းကောင်းသိတာပေါ့ သူမပါးစပ်ကထွက်သမျှပမာဏဘယ်လောက်ကိုမဆိုပေးနိုင်လောက်တဲ့အနေအထားမျိုးပါ သို့ပေမဲ့ရောင်းထုတ်ဖို့ကတော့တကယ်အစီအစဉ်မရှိခဲ့...

" မောင်ရင်တို့ကဘယ်လိုအဆင့်အတန်းက
လူတွေဆိုတာ အန်တီကောင်းကောင်းသိပါတယ်ဒါ‌ပေမဲ့ ဂေဟာကို့သာအန်တီစိတ်ဆန္ဒအလျောက် ရောင်းလိုက်မယ်ဆိုဂေဟာမှာနေကြတဲ့ ခလေးတွေအကုန်ဒုက္ခရောက်ကုန်ကြလိမ့်မယ် ရောင်းဖို့ဘယ်တော့မှဖြစ်နိုင်မှာမဟုတ်ပါဖူး..."

စကားကိုအတတ်နိုင်ဆုံးပြောချင်တဲ့အဓိပ္ပာယ်ကိုသိအောင်အလိမ္မာနည်းနဲ့ပြောရသည်။ ဒီလူတွေကဂေဟာကိုဘယ်လိုဒီလောက်အသဲအသန်လိုချင်ကြနေတာလဲဆိုတာဒေါ်သက်ထားသိပါတယ်။ အချက်အချာကျတဲ့နေရာမှာဆောက်ထားတဲ့ဂေဟာ ဟာသူတို့လိုစီးပွားရေးသမားတွေအတွက် လိုချင်စရာနေရာတစ်ခုပါ။ သူ့တို့ဘက်ကဒီလို‌လာပြောတာတတိယအကြိမ်မြောက်ဖြစ်သလို့ သူ့အနေနဲ့ငြင်းရတာလဲတတိယအကြိမ်မြောက်ပါ လာတိုင်းအမြဲငြင်းနေတဲ့ဒေါ်သက်ထားကိုသူတို့ကသိပ်ပြီးမကျေနပ်နေပုံတော့မရှိ။

" အန်တီမရောင်းတာသေချာပြီလား "

" သေချာပါတယ် "

" ကောင်းပြီလေ "

လူရွယ်ဟာစိတ်မရှည်စွာဖြင့်သူ့ဝတ်ထားတဲ့ကုတ်ကိုဆွဲခါလိုက်ပြီးခန္ဓာကိုယ်မှာဝတ်ကာမတ်တပ်ထရပ်ရင်း ဒေါ်သက်ထားကိုပေါ်စီးကစိုက်ကြည့်ကာ...

နှင်းဆီဝင်္ကပါ( OR ) Second LadyWo Geschichten leben. Entdecke jetzt