Episode - 56

726 92 7
                                    


ဘ၀မှာ သူ့အတွက် ဘယ်တော့မှ အဆုံးသတ်ဆိုတာ မရှိတဲ့ အရာကတော့ လက်သေးသေးလေးကို ထပ်ခါထပ်ခါ ချစ်မိနေခြင်းသာ ဖြစ်သည် ..အမူးသမားလေးက အနမ်းတေကိုတော့ မတုန့်ပြန်ပင်မဲ့ သူနမ်းတာကိုတော့ ငြိမ်ငြိမ်လေးခံနေ၏

ချစ်တယ်ဆိုတဲ့ စကားလေးကို ထပ်ကြားချင်တာမို့ နှုတ်ခမ်းဖူးဖူးလေးကို တစ်ချက်စုပ်ဆွဲပြီး လွှတ်ပေးလိုက်ကာ

" ကိုယ့်က်ို ချစ်လား "

" ဟင့်အင်း ...jin က koo ကိုပဲချစ်တာ "

" ဟား ..ကိုယ့်က အာ့ဆို ဘယ်သူတုန်း "

" မသိဘူးလေ ..jiminie လည်းမဟုတ်ဘူး ..koo ရဲ့ အသံနဲ့တော့တူသလိုပဲ "

" မမှတ်မိတဲ့ ကလေးကို ထပ်ပြီး အပြစ်ပေးရတော့မယ်ထင်တယ် ..ကိုယ့်နှုတ်ခမ်းက ဒီအဖုသီးလေးကို ကိုယ်နမ်းတော့ မခံစားမိဘူးလား ...ကိုယ်နဲ့ အရင်က မနမ်းဘူးတာလည်းမဟုတ်ဘဲနဲ့ "

လက်သေးသေးလေးရဲ့ လက်ညိုးလေးကို သူ့ရဲ့ lip piercing လေးပေါ်ကိုတင်ပေးလိုက်တော့ seokjinက မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်လုပ်လာကာ

" ဟုတ်သားပဲ ..အဲလိုဟာလေးက koo ရဲ့ နှုတ်ခမ်းမှာပဲ ရှိတာ "

" အခုမှတ်မိပြီလား ကိုယ့်ကို "

" တကယ် ..တကယ်ပဲ koo လား ..koo တေက အများကြီးပဲ ..ကြည့်ရတာမူးနောက်နေရောပဲ ..အေ့ "

" အဲတာက မင်းလေးက အရမ်းသောက်ပလိုက်တာကို ဘာလို့အဲလောက်သောက် ...."

သူ့စကားတေမဆုံးခင်မှာပဲ လက်သေးသေးလေးက သူ့မျက်နှာကိုပါးနှစ်ဖက်က နေဆွဲယူလိုက်တာမို့ jungkook ကြောင်သွားရ၏

" မိပြီ ...မိသွားပြီ ...လေးကိုယ်ခွဲ ဖြစ်နေပင်မဲ့ ခင်ဗျားကို မိသွားပြီ "

အမူးသမားလေးက သူ့က်ိုမိပြီး ဆိုပြီး အော်ပြောလာပြီး သူ့မျက်နှာကိုကိုင်ပြီးတာနဲ့ မျက်၀န်းလေးတေက မျက်ရည်လေးတေ၀ဲတက်လာကာ

" jin နဲ့ တူတူနေခဲ့တာ က koo အတွက် ပထမဆုံးမဟုတ်ဘူးလား ...hyung နဲ့ကော တူတူနေခဲ့သေးလား ..jin ကို ပြောတော့ ပထမဦးဆုံးဆို ...jin ကို လိမ်ခဲ့တာလား "

လက်သေးသေးလေးက ကလေးလေးတစ်ယောက်လို သူ့မျက်နှာကိုအုပ်ကိုင်ပြီး ငိုမဲ့မဲ့လေးနဲ့ ပြောလာတဲ့ စကားတေကြောင့် jungkook soojin ကို ဒေါသထွက်မိသလို တစ်ဆက်တည်းမှာပဲ ပီတိကလည်း ဖြစ်ရသေး၏ ...soojin က မဟုတ်တာတေ လက်သေးသေးလေးကို အကုန်လျှောက်ပြောလိုက်တာပဲ ..သို့သော်လည်း လက်သေးသေးအခုလို မေးလာတာကိုတော့ တကယ်ပီတိဖြစ်ရသေးသည် ..သူ့ကို soojin နဲ့ သ၀န်တိုနေတဲ့သဘောလေးမလား

Can You Please Stay ?Where stories live. Discover now