"ကင်မ်!!!ကိုယ့်ကို စကားပြောကွာ...ကင်မ် အဲ့လိုပစ်ထားရင်ကိုယ်မနေတက်ဘူးလို့"
"မစ္စတာဂျွန်~~အခုက လူမြင်ကွင်းကြီးနော် အဲ့လိုတွေအသည်းအသန်ဖြစ်နေမှ ရမှာလား။
မစ္စတာဂျွန်ရယ် ဆင်ခြင်ပါ။ကျွန်တော်နဲ့မစ္စတာဂျွန် အခုလိုဖြစ်နေတာမကောင်းဘူးလို့ ထင်တယ်""ဘာဂရုစိုက်စရာလိုလို့လဲ!!!ကိုယ့်က မင်းမျက်နှာတစ်ကမ္ဘာပဲ"
"မစ္စတာဂျွန်!ဒီနားကနေရပ်ပြီး အိမ်ပြန်တော့~~ကျွန်တော်လည်း အလုပ်ပြန်မလိုက်တော့ဘူး။
နောက်တစ်ခါ လူမြင်ကွင်းမှာ အခုလိုပိုင်စိုးပိုင်နင်း လုပ်ရင် မစ္စတာဂျွန်ကို အဆက်အသွယ်ဖြတ်ပစ်မယ်""ကင်မ်!!!ကင်မ်!!!ဟာ~"
ကောင်လေးက စိတ်ဆိုးသွားပြန်သည်။ကိုယ်ချစ်တဲ့သူကို သဝန်တိုတာ အပစ်မှမဘဲဗျာ။ကောင်လေးအနားကို တစ်ဖက်က လုပ်ငန်းရှင်ကအရမ်းကပ်လွန်းလို့ မနေနိုင်တော့လို့ ပြောမိတာကို ကောင်လေးက ပိုင်စိုးပိုင်နင်းလုပ်တယ်ထင်သွားပြန်သည်။လူမြင်ကွင်းမို့လို့ ရှောင်ရ..အလုပ်ချိန်မှာမို့ရှောင်ရနဲ့ ကောင်လေးက သူ့ကိုအခွင့်ရေးသေးသေးတောင်မပေး။
မနေ့က မုန့်လိုက်ဝယ်ကျွေးဖို့ပြောလို့ သွားဝယ်ကျွေးတော့ ကောင်လေးက သူ့သူငယ်ချင်းအုပ်စုနဲ့တွေ့ပြီး ကိုယ့်ကိုပလစ်သွားပြန်တယ်။ကိုယ့်ဘက်က ဖုန်းခေါ်ပြန်တော့လည်း လူကြီးမင်းနဲ့သာတိုးသည်။ကောင်လေးက သူ့ကိုဘာဖြစ်စေချင်နေတာလည်းဆိုတာ သူမသိပေ။သူကသာ အသဲအသန်ဖြစ်နေတာ ကောင်လေးက အေးတိအေးစက်ဖြစ်သည်။
ကောင်လေးက တကယ့်ကိုအဆိုးလေးဗျ။ကျွန်တော်က သူနဲ့လိုက်လျောညီထွေအောင် နေပေးဖို့ကြိုးစားလည်း ကောင်လေးက ဂရုမစိုက်။အနားမကပ်ရရင် မနေနိုင်လို့ ကပ်ပြန်တော့လည်း အကြောင်းအမျိုးမျိုးပြကာ စိတ်ဆိုးပြန်တယ်။အသက်ကြီးမှ ဖြစ်တဲ့အချစ်ကံက ကိုယ်ကပဲအသဲအသန်ဖြစ်နေရတာ ထင်တယ်။
*လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ ဆက်သွယ်မှု -တီ!!တီ!!*
"တောက်ခ်!!အရူးမ နင့်လည်းအားတိုင်းယားတိုင်း ဒီစကားပဲပြောနေ!"