9

999 124 25
                                    


မီးရောင်စုံကြားထဲတွင် အဖြူရောင်အပါးသားဝတ်စုံလေးဝတ်ထားသည့်ကောင်လေးဟာ သူ့ကိုယ်လုံးလေးကိုလှုပ်ယမ်းကာ ကနေတော့သည်။လစ်ဟာသွားသည့် အတွင်းသားနုနုတွေကို တဏုာအကြည့်များနဲ့ကြည့်တဲ့သူတွေလည်းရှိသလို မကြည့်မိအောင်သတိထားနေကြတဲ့သူတွေလည်းရှိပေသည်။

"ဂျောင်ဂု မင်းအကြောင်းတွေ ငါအကုန်ကြားတယ်နော်...အဲ့ကောင်လေးက ဘာလဲ အပျော်ဇယားလား"

"ဟင့်အင်း~အတည်ဇယားလေး"

အရက်ခွက်ကလေးကို တစ်ငုံလောက်သောက်လိုက် လူကြားထဲကနေတဲ့ကောင်လေးကိုကြည့်လိုက်နဲ့သာ ဂျွန်ဂျောင်ဂုက လောကစည်းစိမ်ကိုခံစားသည်။လူငယ်ဆန်ဆန်ဝတ်စားထားတဲ့သူ့ဒီဇိုင်းဟာ all black နဲ့လိုက်ဖက်လွန်းလှသည်။မျက်ဝန်းတည်နေရာတွေကတော့ မပြောင်းမလဲတည်ရှိလေတယ်။

"ဂျွန်မင်ရာကို ကံကောင်းတဲ့မိန်းကလေးထင်ထားဖူးတယ်ကွာ~~သူကမင်းလို ယောင်္ကျားမျိုးကို ပိုင်ဆိုင်ထားလို့လေ။ဒါပေမဲ့ ငါ့အထင်တွေမှားသွားခဲ့တယ်"

"မှားသွားတယ် ဟက် !ဘယ်လိုမျိုးလဲ"

"မင်းကို အခုလိုလူစားမျိုးလို့ မထင်ထားဘူးလေကွာ~~ကောင်လေးကလည်း အလည်လေးပဲ ဖြစ်မယ်။
အရှုပ်အရှင်းကင်းတဲ့မင်းလိုကောင်ကို တစ်နေ့တည်းနဲ့ဘယ်လိုတောင် ဝါး!!ဆွဲဆောင်လိုက်တာ လန်းတယ်ကွာ"

အံဩသလို တဝါးဝါးလုပ်နေတဲ့ကောင်က သူ့ကိုရွဲ့နေမှန်းသိသာသည်။သူငယ်ချင်းအရင်းကြီးဖြစ်တာကြောင့် သူဘာမှပြန်မပြောပဲ ငြိမ်နေလိုက်သည်။ဒီကောင်ပြောတာက တစ်ဝက်လောက်တော့ မှန်သလိုရှိသည်လေ။ကောင်လေးက သိပ်ထူးဆန်းတယ်....သူစိတ်ကြည်နေရင် ကျွန်တော့်နားကို မခွဲပါ..မလိုရင်တော့ ခပ်ရွဲ့ရွဲ့မျက်နှာဘေးနဲ့ အပြစ်ရှာတက်သေးသည်။

"အင်း~~ငါ့ကလေးက ဘယ်လောက်တောင် လွှမ်းမိုးထားသလဲ မင်းမြင်နေရုံနဲ့သိသာပါတယ်ကွာ။
ကလေးက မူးယစ်ဆေးလိုပဲ ဖြတ်ပစ်ရမှာ သိပ်ခက်တယ်...စွဲလန်းတာလွယ်သလောက် သူ့ကိုဖြတ်ပစ်ရမှာတော့ ခက်တယ်"

"အရင်တုန်းက မင်းပဲ အဲ့လိုမျိုးတွေမုန်းတယ်ဆို!!အဖေ့ခြေရာလိုက်နင်းတဲ့သားလိမ္မာလေးဂျွန်ဂျောင်ဂု~~ဟေ့ကောင် ငါကတော့ မင်းကိုတားလို့ရမှာမဟုတ်မှန်းသိတယ် ဒါပေမဲ့ မှန်ရာကိုရွေးစမ်းပါကွာ"

Unholy Where stories live. Discover now