Part (17)

2.9K 281 14
                                    

လေဖြူးလို့နွေဦးရဲ့အနှစ်သာရဟာခြောက်ကပ်ကပ်ရှိလှ၏။တစ်ရွာလုံးတိတ်တဆိတ်ရှိနေ၍လတ်တလောဖြစ်ပျက်ခဲ့သောအကြောင်း
အရာများကြောင့်အသံတိတ်၍စိတ်မကောင်း
ဖြစ်နေကြဟန်အောက်မေ့ရသည်။

အမျိုးသမီးနှစ်ဦးဆောင်မဲ့ကြီးကျယ်ခမ်းနားသော
မင်္ဂလာပွဲကြီးလည်းမသမာသူဓားပြတို့လက်ထဲ၌
ရုပ်ချည်းမလှပျက်စီးခဲ့ရလေသည်။

"ညိုမြ.."

အိမ်မက်တွေလည်းမမက်တော့သလိုကုက္ကိုတန်းရဲ့‌သရဲခြောက်တယ်ဟူသောကောလဟာလတို့လည်းပေါ်မလာတော့တာကြာလေပြီ။

"ကောင်းရာမွန်ရာရောက်သွားလောက်ရောပေါ့"

တစ်ယောက်တည်းရေရွတ်နေခြင်းပင်။

"ညိုမြရာ .. ဘယ်သူနဲ့ရတာလဲ နင့်ဗိုက်က!"

ဒေါသသံအနယ်ငယ်စွက်လို့အရှက်ကိုမငဲ့ယုံကြည်ကိုးစား၍ဖွင့်ပြောလာသောညိုမြကိုအော်ခဲ့မိသည်။ထိုနေ့က ..

"ဖြေလေ .. ဟိုစက်ဘီးနဲ့လာလာနေတဲ့ကောင်
မလား ဘယ်မလဲအဲ့ကောင်ကအခု"

"ငါ မသိဘူး .. ဘယ်လိုလုပ်ရမလဲဟာ
ငါ့အဒေါ်သိရင် ငါ့အဒေါ်သိရင်"

"တောက်! အဲ့ကောင်ကဘာတဲ့လဲ နင့်ကို
လက်ထပ်မယ်တဲ့လား"

"အဟင့်ဟင့် .. ပြုံးချိုရယ်"

"ငိုမနေနဲ့ပြောစမ်းပါ "

"ကိုယ့်ဘာကိုယ် ကြည့်ရှင်းလိုက်တဲ့ .. အဟင့်
ငါ ငါတော့သေချင်တော့တာပဲ မြို့ကိုတက်ပြီး
ရှာရအောင်လည်းမြို့ဆိုတာက .. အကျယ်ကြီး
လိပ်စာမပေးခဲ့တဲ့လူတစ်ယောက်ကို .. ငါဘယ်လိုရှာရမှာလဲ..သူလုပ်ရက်လိုက်တာ"

"ငါတာဝန်ယူမယ်!"

"ဘာ!"

"အဲ့ကလေးကို .. ငါ"

"တော်စမ်း .. ပြုံးချို"

"နင့်ကောင်က ဘယ်တော့မှပေါ်လာမှာမဟုတ်
တော့ဘူး .. နင်ငါ့ကိုအဲ့လောက်တောင်မုန်းလား
ငါ့ကို မယူချင်လောက်အောင်ထိ.. ကဲ ထားဟာ
ငါ့ကိုမုန်းမုန်းချစ်ချစ် ငါဂရုမစိုက်ဘူး ဒါ‌မဲ့
နင်ဗိုက်ထဲကကလေးအတွက် ပတ်ဝန်းကျင်ကို
နင်ဘယ်လိုမျက်နှာပြမှာလဲ .. အဲ့ကောင်ပြောသလိုရှင်းလိုက်ဖို့စိတ်ကူးရှိနေတာလား"

"ဖူးစာရှင်" < completed >Where stories live. Discover now