ခိုင် လုပ်စရာရှိတာတွေ လုပ်ပြီး တော့
နာရီဝက်လောက်ကြာသွားတယ်ဒါနဲ့ ယွန်းလေး ဆီ ဖုန်းပြန်ခေါ်လိုက်တယ်
ဖုန်းဝင်ယုံ ရှိသေး " ဟဲလို မမ"
ဒီခလေး အတော် လန့်သွားတယ်ထင်တယ်လို့တွေးပြီး ပြုံးလိုက်မိသေးတယ်
" အွန်း ယွန်းလေး မမ အခုမှ အလုပ်ပြီး လို့"
"ရပါတယ် မမ ရယ် ယွန်း ဆီ ဖုန်းခေါ်ပေးတာနဲ့တင် ယွန်း အရမ်းပျော်နေပါပြီ"" ဟုတ်ပါပြီ ဒါနဲ့ ယွန်း အခု အားလား"
" ဟုတ် အားတယ် မမ "
" အဲ့တာဆို လိုင်းဖွင့်ခဲ့လေ cb က နေစကားပြောမယ် "ယွန်း ဘက်မှစကားသံထွက်မလာ
" ဟိတ် ပြောတာ ကြားလား"
ခိုင် မေးလိုက်တော့" ကြားပါတယ် မမ ယွန်းက မမရဲ့ အသံလေးကို နားထောင်ချင်လို့ပါ"
" အမယ် ရှင်စကားတွေ တယ်တက်နေပါလား"
" ဟီး....ချစ်တာကို "
ယွန်း ရဲ့ ဒီတစ်ခါ ချစ်တယ်ဆိုတဲ့ စကားကို ကြားတော့ ခိုင် ရှက်စိတ် ဖြစ်သွားတယ်
(အို.... မဟုတ်တာ ငါ ဘာဖြစ်နေပါလိမ့်)
" မမ"
ခိုင် မထူးမိ
"မမ...မမ လို့ "
" ဟင် ယွန်း ပြောလေ"
" ဘာဖြစ်လို့လဲဟင် မမ "
" ဟို... ဘာမှ မဖြစ်ဘူး လိုင်းတက်ခဲ့နော် ခလေး"
ခိုင်ပြောပြီး ဖုန်းချလိုက်တယ် ခိုင်ရင်ခုန်သံတွေ ဘာဖြစ်နေတာလဲ
မောင့် ဆီ က ချစ်တယ် ဆိုတဲ့စကားကြားခဲ့တုန်းကဒီလို ရင်ခုန်သံ မျိုး မဖြစ်ခဲ့ဘူး (အို ငါဘာတွေဖြစ်နေတာလဲ မဖြစ်နိုင်ပါဘူး ဒီခလေး နဲ့က မရင်းနှိးသေးလို့နေမှာပါ သူလဲ ငါ့ကို အမ လို ချစ်တာပါ)
ခိုင် ကိုယ့်ဘာသာ အတွေးပေါင်းစုံနဲ့ ရှုပ်ထွေးနေတယ်
အင်တာနက် ဖွင့်လိုက်တာနဲ့
" မမ " ယွန်း ရဲ့ ခေါ်စာလေးက တန်းရောက်လာတယ်
" ရှင် "
YOU ARE READING
ဆန်းကြယ်သောအချစ်
Actionအိမ်ထောင်ရှိပေမယ့် online ပေါ်မှာ ခင်သွားတဲ့ Lesbian ကောင်မလေး နဲ့ ဘယ်လို ငြိသွားမလဲ