အပိုင်း (၁၀)

534 19 0
                                    

ခိုင် တစ်ယောက် ကလေးငယ်ကို ပြောလိုက်ပေမယ့် ရင်ဘက်ထဲမှာတော့ ကမ္ဘာတစ်ခုလုံးပြိုကျသွားသလို ခံစားလိုက်ရတယ်

(ငါ ဒီကလေးငယ်ကို တကယ်ပဲ ချစ်မိသွားတာလား ၊ ရှက်ဖို့ကောင်းလိုက်တာ ခိုင်မီမီကျော်ရယ် ၊ နင့်မှာက ကာမပိုင် လင်ယောကျာ်းရှိနေပြီးသားလေ) လို့ တွေးရင်း နဲ့

ကလေးငယ်ဘယ်လောက်ခံစားသွားရမလဲ ဆိုတာ ကို ခိုင် နားလည်တာပေါ့ ( မမ ကို ခွင့် မလွှတ်ပါနဲ့ ကလေးရယ် ၊ ကလေးငယ်ရဲ့ မေတ္တာတွေ နဲ့ ထိုက်တန်သူကိုသာ ကလေးငယ်ရှာဖွေလိုက်ပါနော် )

ကလေးအပေါ် ရက်စက်စွာ ပြောမိတဲ့ စကားတွေကြောင့် ခိုင် တစ်ယောက် ဘယ်လို မှ အိပ်မပျော်ခဲ့ပေ

မိုးသာလင်းသွားတယ် တစ်ရေးမှ မအိပ်ခဲ့ရ ၆ နာရီခွဲတော့ သင်ဇာ မှ

" အမ ခိုင် နိုးပြီးလား"

" နိုးပြီ ညီမ "

" ဒီနေ့ လယ်ထဲလိုက်မှာဆို ထ တော့ လေ အမ "

သင်ဇာ့ စကားကြောင့် ခိုင် ထလိုက်ပေမယ့် ခေါင်းက အရမ်းမူးနေတယ် ငိုထားတဲ့အရှိန်ရော မအိပ်ရတာရော ပါမယ် ထင်တယ်

ခိုင် လယ်ထဲ လိုက်နိုင်မယ် မထင်ဘူး ၊ ဒါပေမယ့် တေဇာကျော် မျက်နှာကိုလဲ မမြင်ချင်ဘူး ခိုင်ဘယ်လို လုပ်ရမယ်မသိ

" အမ " ခိုင် အသံတိတ်နေလို့ ထင်တယ် သင်ဇာ မှ ထပ်ခေါ်လာတယ်

" အမ ခေါင်းအရမ်းမူးနေလို့ သွေးပေါင်ကျနေတယ် ထင်တယ် သင်ဇာ"

" အဲ့တာ ဆိုလဲ နားရင်နားလေ အမ လယ်ထဲမှာကျ နေပူတယ် အမ ခေါင်းပိုမူးနေလိမ့်မယ် "

" အင်းပါ သက်သာရင်တော့ အမ လိုက်လာခဲ့မယ် အခုက တောင်ဘက်လား မြှောက်ဘက်လား သွားမှာ က "

" ဆည်ဘောင်ပေါ် သွားမှာ အမ တောင်ဘက် ကို"

" အင်း အင်း သင်ဇာ" ပြောပြီး ခိုင်ပြန်လဲနေလိုက်တယ်

ဖုန်းကို ယူကာ အင်တာနက်ဖွင့်လိုက်ပြီး ကလေးငယ် အကောင့်ကို ဝင်ကြည့်တော့ ညက ခိုင် ပြောလိုက်တဲ့ အချိန်က ကလေးငယ် ရဲ့ နောက်ဆုံး Active now လေး ဖြစ်နေတယ်

ဆန်းကြယ်သောအချစ် Where stories live. Discover now