Part - 8

467 34 1
                                    

Unicode

ရှောင်းပေါက်စ မြို့စားမင်းဝမ်ရိပေါ်ကို ဆိုးပစ်မယ်ဆိုပြီး တွေးလို့မဆုံးသေးဘူး ဟော...ပြန်လာပါပြီ

" ကျန့်.. လာ သွားကြမယ်.. ရှောင်းလူကြီးကျုပ်တို့ကို ခွင့်ပြုပါဦး"

ရောက်ရောက်ခြင်း အတင်းလက်ဆွဲခေါ်နေသည့် မြို့စားမင်းဝမ်ရိပေါ်ကြောင့် ရှောင်းပေါက်စ တစ်ယောက် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေတယ်

" အာ..အဖိုး နဲ့ ကျဲကျဲ  ကျန့်ကျန့် သွားတော့မယ်နော် တာ့တာ"

မင်ဝေတစ်ယောက် သူ့ရှေ့က လူနှစ်ဦးကိုကြည့်၍ အပြုံးဝေနေမိသည်

" မင်ဝေ ....မြေးလေး ဘယ်လိုလုပ်မယ်လို့
စဥ်းစားထားလဲ "
"  မင်ဝေ က ကျန့်ကျန့် လေးကို မြို့စားမင်း နဲ့သဘောတူတယ် စိတ်လဲချတာမို့ အဖိုးက
စိတ်မပူပါနဲ့နော် "
"  ဟားဟား.....အဖိုးရဲ့မြေးလေးက စိတ်သဘောထားမသေးသိမ်ဘူး ဆိုတာ အဖိုးသိပါတယ်"

Flash back_______

"အက်ို..မင်ဝေနဲ့ ဘာပြောစရာရှိလို့လဲ "
" အကို..ကျန့် ကိုသိပ်ချစ်တယ် အကိုကျန့်ကို
လက်.........."

စကားဆုံးအောင်ပြောခွင့်မပြုတဲ့ ကျန့်ရဲ့ အစ်မဖြစ်သူကြောင့် နည်းနည်းတော့ စိတ်ခုသွားသည်
ဒါပေမဲ့ သူတွေးပြီးသားပါ ဘာတွေပဲဖြစ်လာပါစေ ကျန့် ကတော့သူ့အပိုင် ဖြစ်လာစေရမယ်

"  အကို ကကျန့်ကျန့်ကိုချစ်နေတယ်ဆိုတာ မင်ဝေ သိပါတယ်... အက်ို အံ့သြသွားတယ်မလားမင်ဝေ ဘယ်လိုသိသွားလဲဆိုတာပေါ့

မနေ့က  ကျန့်ကျန့်ကို အကိုအိမ်ပြန်လိုက်ပို့တော့ ခြံထဲမှာ မင်ဝေရှိတယ် လေ
အကို တို့ကတော့ ချစ်ကြည်နူးနေတော့ မမြင်မိတာနေမှာပါ .."

" အက်ဆို..အစအဆုံး မြင်လိုက်တယ်ပေါ့"

ဝမ်ရိပေါ် တကယ်ပျော်သွားသည် သူကဘယ်သူမှခွင့်မပြုလဲ ရပေမဲ့ သူ့အသက် ကျန့်ကတော့ အားလုံးဆီက ခွင့်ပြုချက်လိုချင်ပါတယ်တဲ့လေ

" အင်း...ကျန့်ကျန့်ကို ဖက်ပြီး နဖူးလေးကို
အနမ်းခြွေနေတာကအစ အကုန်မြင်လိုက်တယ်"
" အက်ဆို မင်ဝေ..အကို့သဘောထားကိုသိနေပြီထင်တယ် "

ရှောင်းကျန့်ဆိုတဲ့ လူသားက" မြို့စားမင်းဝမ်ရိပေါ် အပိုင်Where stories live. Discover now