အပိုင်း(၁) (Zawgyi) (Uni)

72 2 2
                                    

သဇင်လှိုင် မိန်းကလေးအဆောင်ရှေ့တွင်
သွယ်လေးနိုင်တစ်ယောက် မတ်တပ်ရပ်ကာ တစ်ကိုယ်တည်း ညည်းတွားနေမိသည်။

"မေမေဟာလေ တကယ်ပဲ
ကိုယ့်ဟာကို တိုက်ခန်းဌားနေပါမယ်ဆို
သူ့အသိအဆောင်မှာနေခိုင်းရတယ်လို့"

အဆောင်ရှေ့ ခြံတံခါးဝတွင် ရေးထားသောဆိုင်းဘုတ်ကြောင့်
နှုတ်ခမ်းများကိုတွန့်ကွေးကာ မျက်မှောင်ကျုတ်မိသည်။

သဇင်လှိုင် အမျိုးသမီးအဆောင်
* ယောကျာ်းလေးဧည့်သည်မခေါ်ရ။

၂၀၁၉ကိုပင်ရောက်နေပြီ အဆောင်ပိုင်ရှင်က တော်တော်ခေတ်နောက်ပြန်ဆွဲတာပဲဟာလည်းတွေးမိ၏။
သက်ပြင်းတစ်ချက်ချကာ အဝတ်ထုပ်ကိုကိုင်လျက်
ခြံအတွင်းသို့ဝင်လိုက်သည်။

အဆောင်၏ဝင်ဝင်ချင်းဧည့်ခန်းတွင် မိမိထက်အနည်းငယ်သာကြီးလောက်မည့် မိန်းကလေးတစ်ဦးအားတွေ့ရရ၍

"ဟိုလေ ဒါက ဒေါ်ခင်မူယာထားရဲ့အဆောင်လားရှင့်"

"ဟုတ်တယ်ညီမ အဆောင်သူအသစ်ဆိုတဲ့တစ်ယောက်ထင်တယ်
ဟုတ်လား"

"ဟုတ်ကဲ့ သွယ်လေးနိုင်လို့ခေါ်ပါတယ်"

"ထိုင်ဦးနော် အမ အန်တီမူယာကိုခေါ်ပေးမယ်"

သွယ်လေး ထိုအမထိုင်နေသော ထိုင်ခုံတွင်ဝင်ထိုင်ကာ
ဒေါ်ခင်မူယာထားအမည်ရှိသော အဆောင်ပိုင်ရှင်အားစောင့်နေရသည်။

ချည်အကျီင်္ီအနီရောင်ဝမ်းဆက်ကိုဝတ်ဆင်ထားသော အသက်ခပ်လတ်လတ်အမျိုးသမီးတစ်ဦးက သွယ်လေးထိုင်နေသောခုံ၏ မျက်နှာချင်းဆိုင်ထိုင်ခုံတွင်ဝင်ထိုင်လျက်

"မင်းမေမေကတော့ တို့ကိုအပ်ထားတယ် သွယ်လေးနိုင်
ရှေ့လျောက် မင်းကဒီအဆောင်မှာနေရမှာဆိုတော့ အဆောင်ရဲ့စည်းကမ်းလေးတွေပြောထားမယ်"

"ဟုတ်ကဲ့ အန်တီဒေါ်ခင်မူယာထား"

မျက်မှန်အောက်ရှိမျက်ဝန်းတစ်စုံမှအကြည့်စူးစူးတစ်ချက်ကိုရလိုက်သည်
ကျွန်မ၏အန်တီနဲ့ဒေါ်ကိုပေါင်းခေါ်လိုက်သည့်စကားကြောင့်လားတော့မပြောတတ်။

"ဒီမှာကမင်းတစ်ယောက်ထဲမဟုတ်ဘူး တခြားအဆောင်သူတွေလည်းရှိတာမို့ အသံကျယ်ကျယ်မလုပ်ရဘူး သန့်ရှင်းရေးကအလှည့်ကျလုပ်ရမယ်"

ခင့်မူပိုင်ရှင် (ခင့်မူပိုင်ရှင် )Where stories live. Discover now