Chapter [ 2 ]

45 15 0
                                    

Unicode version

တိတ်ဆိတ်လွန်းတဲ့အခန်းထဲက လေထုအခြေအနေက သိပ်ဟန်ချင်ပုံမရ။ကုန်းကျွင်း အတော်ကြာငြိမ်သက်နေပြီး သူ့အပြစ်နဲ့ သူမို့ မျက်နှာလေး ငယ်နေရှာသည့်ပုံပင်။ သို့ပေမယ့် အနှီခွေးပေါက်လေးမျက်နှာထားလုပ်ထားတဲ့ ကောင်လေးရဲ့စိတ်ထဲက အတွေးကို ကျန်းကျယ်ဟန့်ဘယ်မသိဘဲနေပါ့မလဲ။

အလိုလိုက်လွန်းရင် ရောင့်တက်မယ့်ကလေး။

အခုအလိုမလိုက်ထားတာတောင်မှ ဒီလောက်ဆိုးသွမ်းနေတာ။ ဘယ်နှယ့် phasmophobiaရှိတဲ့လူကိုမှ အဲ့သလိုခြောက်လန့်ရတယ်လို့။ မတော်လို့ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။

"အိုင်းယား ကိုကိုရယ် ကျွန်တော်မှားပါတယ် ..စိတ်မဆိုးပါနဲ့တော့ "

ကျန်းကျယ်ဟန့်နိုးလာပြီးထဲက ကုန်းကျွင်းဟာ ကုတင်ဘေးကမထဘဲဆက်တိုက်စကားတွေဆိုနေမိပါသည်။ သို့သော်လည်း ချစ်ရသူကလေးကြီးကတော့အနည်းငယ်တောင်အဖက်မလုပ်။ သူ့ချစ်ရတဲ့မှန်ကြောင်လေးရဲ့ သုန်မှုန်စိတ်ဆိုးနေတဲ့မျက်နှာလေးအား တစိမ့်စိမ့်ကြည့်ရင်းချော့မော့ချင်မိတယ် ဒါဟာကုန်းကျွင်းရဲ့ သူ့ဘဝနောက်ဆုံးအထိလုပ်ပေးချင်တဲ့ တစ်ခုတည်းသော ဆန္ဒရယ်ပါ။

"ကျွန်တော် တကယ်မသိလို့ ကိုကို .. အစောကြီးထဲက သိခဲ့ရင် ကျွန်တော်ကိုကို့ကို အဲ့သလိုစမိမှာမဟုတ်ဘူး "

"ငါက အဲ့သလိုကြောက်တတ်တာ မင်းသိအောင် ပြောပြထားရမှာလား ဘယ်လောက်ရှက်စရာကောင်းလိုက်လဲ ! "

ကုန်းကျွင်းစိတ်ထဲ တိတ်တခိုးရယ်မိတာ ကိုကိုသိရင် ဆူမှာသေချာတာပေါ့။ ကိုကိုကလေ အစခံရလို့ စိတ်ဆိုးနေတာမဟုတ်ဘဲ သူ့ရှေ့အခုလို အရှက်ကွဲလို့စိတ်ဆိုးနေတာတဲ့။

"ကိုကိုကလည်းဗျာ ကျွန်တော်တို့က သူစိမ်းတွေမှ မဟုတ်တာ ဘာလို့ရှက်ရတာလဲ "

"နောက်မစနဲ့ မကြိုက်ဘူး "

"ကျွန်တော်က ချစ်လို့စတာပဲကို "

"အဲ့တာဆိုမချစ်နဲ့ !"

"တွေ့လားကြည့်ဦး ..ကိုကိုက တကယ်ဂျစ်တိုက်တာပဲ"

To encourage loveWhere stories live. Discover now