Unicode version
အမှတ်စာရင်းစာရွက်ကို လက်ကကိုင်ပြီး မျက်မှောင်ကြုံ့နေတဲ့ ကိုကို့ ကို ကုန်းကျွင်းက ဘေးကနေကြည့်ရင်း နှုတ်ခမ်းလေးစေ့ထားတယ် ။ သူဖြေလာခဲ့တာသူသိလို့လေ ။ တစ်လောကမှ ကိုကို့ ကိုစာလုပ်ပြချင်ယောင်ဆောင်ထားတာကိုလေ ။
"အမှတ်တွေကဘယ်လိုဖြစ်တာလဲ ! မင်းစာလုပ်တာတွေ့ပါတယ် ဘာလို့အဲ့လောက်နည်းနေရတာလဲကုန်းကျွင်းရဲ့"
မျက်မှန်ဝိုင်းအောက်ကမျက်ဝန်းလေးတွေက အလိုမကျဟန် ။ အမှတ်စာရင်းစာရွက်ကိုကိုင်ကြည့်ပြီး မျက်မှောင်ကြုံ့ကာပြောနေတဲ့ ကျန်းကျယ်ဟန့်ကို ကုန်းကျွင်းဟာမေးထောက်ငေးရင်းနဲ့ပြန်ဖြေတယ်။
"စာစစ်တဲ့သူတွေက ကျွန်တော့်ကိုအမှတ်နည်းနည်းလေးပေးပဲပေးတာကို"
ကျန်းကျယ်ဟန့်က ပြောင်ချော်ချော်လုပ်နေသေးတဲ့ ကောင်လေးကို စိတ်တိုလာတယ် ။ ဒါပေမယ့်လည်း အမြဲတမ်းအဲ့လိုပဲမို့ ဘယ်လိုမျိုးဆူရမှန်းကိုမသိတော့ဘူး ။
"ကုန်းကျွင်း! မင်းနောက်မနေနဲ့တော့ မင်းဖြေနိုင်ရင်ဘယ်သူကအမှတ်နည်းနည်းလေးပေးမှာလဲ!"
စိတ်တိုနေတဲ့ဆရာပေါက်စအား ကုန်းကျွင်းဟာကြည့်ရင်းနဲ့အသည်းယားလာပေမယ့် ဒီတိုင်းပဲထိုင်ကာကြည့်နေရသည် ။ စိတ်ရှိတိုင်းထဖက်ပစ်ရင်လည်း အခေါက်ခံရဦးမှာလေ ။
"မင်းငါ့ကိုကြည့်မနေနဲ့!!"
ကျန်းကျယ်ဟန့်က ကုန်းကျွင်းမေးထောက်နေတဲ့ခုံကို ရိုက်ချလိုက်တာကြောင့် ကုန်းကျွင်းမှာလန့်ဖြန့်ပြီးခပ်မတ်မတ်နေလိုက်ရတော့သည်။ မှန်ကြောင်လေးက ဒေါသလည်းကြီးသဗျ ။
"ကုန်းကျွင်း! မင်းဒီနှစ်လေးပဲနောက်ဆုံးရှိတော့တာနော်၊နည်းနည်းလောက်အားစိုက်ပြီးကြိုးစားလို့မရဘူးလား"
မျက်မှန်ဝိုင်းအောက်ကတောင်းဆိုနေသလိုမျက်ဝန်းတွေကိုမြင်လိုက်ရတဲ့အခါမှာတော့ အမြဲတမ်းပေါ့ပျက်ပျက်ဖြစ်နေတဲ့သူ့ပုံစံကို သူလည်းပဲပြင်ချင်လာပါတယ်။ဒါပေမယ့် တစ်နာရီလောက်နေရင် သူ့စိတ်က အရင်လိုပြန်ဖြစ်သွားရော။