အခန်း (၁) (Unicode)

784 21 0
                                    

အကိုဆိုတာက ကျွန်တော်ချစ်နေရတဲ့သူလေ။ ကျွန်တော်ရဲ့ ငြိမ်းချမ်းတဲ့တည်နေရာ ရပ်ဝန်းလေးဟာ အကိုပါပဲ။ အကို အကိုနဲ့ကျွန်တော်သိပ်ချစ်ရတဲ့အကို။

ငြိမ်းချမ်းတစ်ယောက်အိပ်ယာကနေ နေမြင့်မှထလာသည်။ ဒီနေ့ဟာကျောင်းပိတ်ရက်လေ။ ကျောင်းပိတ်ရက်ဆိုတော့ ဖေဖေနဲ့မေမေကသူ့ကိုမနိုးဘဲ အိပ်စေသည်။ အကြောင်းကာ သူက တက္ကသိုလ်ကျောင်းသားဖြစ်လို့ စာတွေများလာပြီး ကျောင်းဖွင့်တဲ့ရက်တွေမှာ သူ့ကိုပင်ပန်းတယ်ဆိုလေသည်။ ငြိမ်းချမ်းတို့ကလဲ အကြိုလေပေါ့။ သူ့နဂိုအကျင့်ကိုက အအိပ်မက်တဲ့သူလေ။ အိပ်ရမယ်ဆိုလို့ကတော့ ငြိမ်းချမ်းတို့ကတော့ ကယလနဂါးနဲ့ပြိုင်ရပြိုင်ရ အရှုံးမပေးပဲ ပြိုင်မဲ့သူမျိုးလေ။ နောက်ဆုံးကာလနဂါးကတောင် ယောက်ဖလို့ခေါ်ရမည့်ကိန်းဆိုက်နေသည်။

ငြိမ်းချမ်းအိပ်ယာကနေနိုးတော့ အခန်းတံခါးကိုဖွင့်လိုက်သည်။ အခန်းတံခါးဆိုတာက လေသာဆောင်အခန်းတံခါးကိုဆိုလိုသည်။ ငြိမ်းချမ်းတို့မိသားစုက ချမ်းသာတဲ့စာရင်းထဲမပါပေမယ့် နေနိုင်စားနိုင်တဲ့အခြေအနေဖြစ်သည်။ တိုက်တစ်လုံး ကားနှစ်စီးတော့ရှိသည်။ တိုက်ကနီစ်ထပ်တိုက်ဖြစ်တာမို့ သူအခန်းကတော့ လေသာဆောင်ပါတစ်ခါထဲပါတဲ့အခန်းဖြစ်သည်။ မနက်ဖက်အိပ်ယာနိုးရင် လေကောင်းလေသန့်ရှုရနိုင်သလို ညဖက်ဂစ်တာတီးချင်တယ်ဆိုရင်တောင် လေလေးတဖြူးဖြူးနဲ့ဖီးလ်လို့အကောင်းဆုံးပင်ဖြစ်သည်။

ငြိမ်းချမ်းအိပ်ယာနိုးတာနဲ့ အကျင်တစ်ခုလိုဖြစ်နေတာက လေသာဆောင်မှာအပျင်းကြောထွက်ဆန့်တာပင်။ လုပ်ယူထားတာမဟုတ်ပေမယ့် မနက်အိပ်ယာထရင် သူလေသာဆောင်မှာထွက်ရပ်ကာ လေကိုအဆုတ်ထဲရောက်အောင်အထိ အားရပါးရရှုရှိုက်လိုက်ရက်ရင်ကို နေလို့ထိုင်လို့ကောင်းတာဖြစ်သည်။

" ဒုန်း....ကျွီ..."

တစ်နေရာရာကနေမြည်သံတွေကြောင့် ငြိမ်းချမ်းတစ်ယောက် မှေးကျဥ်းနေတံမျက်လုံးအစုံရယ်၊ အပျင်းကျောတစ်နေတဲ့ လက်တို့ကလေပေါ်မှာပင် ရပ်တန့်လို့သွားသည်။ တစ်ဖက်ခြံကလူသစ်တွေပြောင်းလာပုံရသည်။ ပစ္စည်းအချို့ကို ကားပေါ်ကနေဆွဲချနေတဲ့လူတစ်ယောက်။ အသက်အရွယ်၅၀နီးပါးလောက်ရှိတဲ့ ဦးလေးနဲ့ အသက်မတိမ်းမယိမ်းနဲ့ ထိုဦးလေး၏ဇနီးဖြစ်ပုံရသည်။

အကို (သို့) ငြိမ်းချမ်းဝန်း၏တည်နေရာWo Geschichten leben. Entdecke jetzt