အခန်း (၃) The End

217 14 0
                                    

" ဟဲ့နေရာ။ နင်တကယ်ပဲကလေးကိုပြောလိုက်တာလား။ "

ဆေးရုံရောက်တာနဲ့အရင်မေးလာတဲ့ ဇာဇာ။

" အင်း ညကပဲဖွင့်ပြောလိုက်တာ။ "

ဇာဇာကတော့ ဒီကိုပြောင်းလာပြီးမှခင်တဲ့သူငယ်ချင်းမလေး။ ဝန်းအကြောင်းကိုပြောပြထားတာမို့ သူမကတော့အနည်းငယ်သိတယ်။ အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်တာမို့ သူ့အကြောင်းတွေကိုပြောပြထားတာ။

ဆေးဖိုင်တွေကိုသာကြည့်နေတဲ့နေရာဟာ သူမကိုမော့မကြည့်ဘဲဖြေလာသည်။ ဒါကိုပဲသူမကမကျေနပ်တာ။ အလိုက်တသိလေးနည်းနည်းလောက်တိုးဖြေပေးတော့သေမှာကျလို့။

" နင်သက်ငယ်မဒိမ်းဖြစ်မယ်နော်။ "

ဇာဇာစကားကြောင့် တည်နေရာဖိုင်တွေကြည့်နေရာမှ မော့ကြည့်လိုက်တယ်။ လူတွေရဲ့အမြင်မှာယောကျ်ားလေးနှစ်ယောက်အချစ်ကိုအထင်သေးတက်ကြပြီး သဘာဝမဆန်ဘူးလို့ခံစားနေကြတာကိုနားလည်ပေးနိုင်သည်။ အချစ်ကအချစ်ပဲဖြစ်နေဖို့မလိုတော့ဘူးလား။ မိန်းမနဲ့ယောကျ်ားအချစ်မှ သဘာဝဆန်တယ်လို့ထင်နေကြသည်။ တကယ်တော့ယောကျ်ားလေးနှစ်ယောက်ကြားမှာလဲ ဖြူစင်ခြင်းနဲ့ချစ်တဲ့အချစ်တွေရှိပါတယ်ဆိုတာကို သူပြချင်သေးတယ်။ ယောကျ်ားလေးနှစ်ယောက်ကြားမှာ အချသ်ကဘယ်လောက်ဖြူစင်ကြောင်းကိုပေါ့။

" ဇာငါကလေ ဝန်းကိုဖြူစင်တဲ့အချစ်တွေနဲ့ချစ်တာ။ နင်ပြောတဲ့အရာတွေကဖြစ်မလာဘူးလို့တော့ ငါမငြင်းချင်ပါဘူး။ ဒါပေမယ့်လေရိုးရိုးလေးပဲတွေးလို့မရဘူးလား။ Love+Love= Loveပဲလို့မဆိုဘူး။ Sex+Loveလို့ပြောရင်တော့နင်မှားလိမ့်မယ်။ Love+Love= Love Sexလဲဖြစ်နိုင်တာပဲလေ။ "

ဇာမျက်လုံးတွေကမှေးကျဥ်းသွားတာကိုသူမြင်လိုက်ရတယ်။ သူပြောလိုက်တဲ့စကားတွေကို ဇာဇာစဥ်းစားနေပုံရတယ်။ လူတိုင်းကိုတော့လိုက်မရှင်းပြချင်ပေမယ့် ဇာ့ကိုတော့သူနည်းနည်းလောက်ရှင်းပြမိတယ်။ Love is Loveလို့ရိုးရိုးလေးပဲတွေးစေချင်တာမျိုးပေါ့။

" အေးပါဟာ။ ငါ့စကားတွေကနင့်အချစ်ကိုစော်ကားသလိုဖြစ်သွားရင်ငါတောင်းပန်ပါတယ်။ "

အကို (သို့) ငြိမ်းချမ်းဝန်း၏တည်နေရာWhere stories live. Discover now