𝟣𝟫𝟪𝟥 𝖢𝗁𝗂𝗇𝖺
" ဗိုလ်ချုပ်ရှောင်းကျန့်က အစ်ကိုတို့အစ်မတို့ရဲ့သား ဝမ်ရိပေါ်လေးကို မိသားဖသားပီပီလက်ထပ်ယူချင်ပါတယ်တဲ့"
အာပေါင်အာရင်းသန်သန်နဲ့ စေ့စပ်ကြောင်းလမ်းသမှုပြုပေးနေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့အသံက တိတ်ဆိတ်ငြိမ်သက်နေတဲ့ ဧည့်ခန်းကျဉ်းကျဉ်းလေးထဲမှာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား။
ရပ်ကွက်ပေါက်စလေးပီပီ စိတ်ဝင်တစားလာစပ်စုကြတဲ့သူတွေကလည်း မီးခြစ်ပုံးသာသာလောက်ပဲရှိတဲ့တစ်ထပ်တိုက်ပုကလေးရဲ့အပြင်ဖက်မှာ စုရုံးစုရုံးနဲ့ ခြေချင်းလိမ်လို့။
ကာယကံရှင်ဖြစ်တဲ့ ဗိုလ်ချုပ်ရှောင်းကတော့ စားပွဲခုံထိပ်ဆုံးက ကုလားထိုင်ပေါ်မှာလက်နှစ်ဖက်ကိုခပ်ဖွဖွဆုပ်ယှက်ရင်း အေးအေးလူလူထိုင်နေတယ်။ ဘေးနားမှာလည်း လက်ထောက်တပ်သားလေးက သတိအနေအထားနဲ့ ခပ်မတ်မတ်ရပ်လို့။
ကြားဖူးတဲ့သတင်းတွေအတိုင်း ဗိုလ်ချုပ်ရှောင်းက တစ်ခွန်းဆိုတစ်ခွန်း ဩဇာအာဏာသက်ရောက်ပုံပါပဲ။ မျက်လုံးထောင့်ကနေ မသိမသာလေးလှမ်းပြီးခိုးကြည့်တာတောင် အရှိန်အဝါက တော်ရုံမဟုတ်ဘူး။
" အုပ်ထိန်းသူတွေရဲ့သဘောထားကို သိချင်ပါတယ် ခင်ဗျာ"
တည်ကြည်စွာထွက်ပေါ်လာတဲ့ အသံချိုချိူကြောင့် ရိပေါ် ဗိုလ်ချုပ်ရှောင်းကို ဆတ်ခနဲလှမ်းကြည့်လိုက်မိတယ်။
ကြည့်ကောင်းလိုက်တာ။ ဗိုလ်ချုပ်ရှောင်းက တကယ်ကိုကြည့်လို့ကောင်းတာပဲ။
ပျားရည်ရောင်အသားအရည်ရယ်၊ ယောက်ျားဆန်တဲ့ မေးရိုးထင်းထင်းတွေရယ်၊ မရိတ်သင်ထားတာကြောင့် စိမ်းညို့ညို့ဖြစ်နေတဲ့ နှုတ်ခမ်းမွေးရေးရေးလေးတွေရယ်။
သေချာပေါက် မိန်းကလေးတိုင်း သဘောကျမယ့် ရုပ်ရည်မျိုး။
ဒီလို အစစအရာရာပြီးပြည့်စုံတဲ့အမျိုးသားက ရိပေါ့်လို သာမန်ကောင်လေးတစ်ယောက်ကို လက်ထပ်ချင်တယ်တဲ့။ ဒါ ဖြစ်ရောဖြစ်နိုင်ရဲ့လား။
" လက်ခံလိုက်စမ်းပါဟယ်။ ဗိုလ်ချုပ်ရှောင်းက ညည်းတို့အားဝမ်လေးတို့ တကယ်မေတ္တာရှိနေတာပါ"
YOU ARE READING
𝖦𝖾𝗇𝖾𝗋𝖺𝗅 𝖷𝗂𝖺𝗈'𝗌 [ 𝖧𝗂𝖺𝗍𝗎𝗌 ]
Fanfiction" ကျွန်တော်က လိမ္မာတဲ့ကောင်လေးမဟုတ်ဘဲ ဆိုးနေရင် ဘယ်လိုလုပ်မလဲ?" " ကိစ္စမရှိဘူး ဆိုးပါ။ မင်း ကိုယ့်အပေါ် ဆိုးလို့ရတယ်" 𝖤𝗏𝖾𝗋𝗒 𝖼𝗈𝗇𝗍𝖾𝗇𝗍 𝗂𝗇𝖼𝗅𝗎𝖽𝖾𝖽 𝗂𝗇 𝗍𝗁𝗂𝗌 𝖿𝗂𝖼𝗍𝗂𝗈𝗇 𝗂𝗌 𝗌𝗂𝗆𝗉𝗅𝗒 𝗃𝗎𝗌𝗍 𝗆𝗒 𝗂𝗆𝖺𝗀𝗂𝗇𝖺𝗍𝗂𝗈𝗇. 𝖮�...