Unicode
ဂျိန်း အလုပ်သွားဖို့အတွက် ခြံထဲဆင်းလာ
တော့ ခြံစောင့်ဦးလေးကြီးက သူမဆီကို
နှင်းဆီပန်းစည်းကြီးတစ်ခု ယူလာပေးသည်။
ဘယ်သူပေးလဲ မေးကြည့်လိုက်ပေမဲ့ ဦးလေး
ကြီးလည်း သိပုံမရ။ပန်းစည်းကိုစည်းထားတဲ့ ကြိုးလေးဘေးနာ
က ကတ်ထူလေးကို ဖွင့်ကြည့်လိုက်တော့
သေသပ်ပြီးလေ့ထောင့်ကြတဲ့ ခပ်သေးသေး
လက်ရေးစာလေးကို မြင်လိုက်ရသည်။"သာမန်အားဖြင့်ကြည့်ရင်တော့ နှင်းဆီပန်း
စည်းကြီးတစ်ခုဘဲပေါ့။ ဒါပေမဲ့ သေချာ
လေး စဥ်းစားကြည့်ရင် ဒီလိုမျိုး ပန်းပေးခံ
ရတာဟာ စိတ်လှုပ်ရှားဖို့ ကောင်းတယ်ဆိုတာ
ကို ကျွန်မရဲ့နီနီ သိပါသလား။ ပန်းစည်းထဲမှာ
ပန်းအရေအတွက် စုစုပေါင်း 24ပွင့်ရှိတယ်။
အဲ့ဒီရဲ့ အဓိပ္ပါယ်ကို နီနီ ရှာနိုင်မယ်လို့ ကျွန်မ
ယုံကြည်ပါတယ်။"စာကိုဖတ်ပြီးနောက် ဂျိန်း မျက်ခုံးပင့်မိ
တယ်။ ပန်းအကြောင်းနဲ့ ပတ်သတ်ပြီး သူမ
ဘာမှမသိပါဘူး။ သူမသိတာ ပန်းပေးတယ်
ဆိုတာ တစ်ခုခုကို ကျေးဇူးတင်တဲ့အနေနဲ့သုံး
တဲ့ ကြားခံပစ္စည်းတစ်ခုလို၊ ဒါမှမဟုတ်
ချစ်ခွင့်ပန်တဲ့အခါ သုံးတဲ့ပစ္စည်းလို အဲ့လောက်
ဘဲ သိထားတာပါ။ပုံမှန်ဆိုရင် ဒီလောက်ထိခေါင်းထဲ မထား
တတ်ပေမဲ့ ပန်းစည်းပို့လိုက်တဲ့သူက သူ့ကိုယ်
သူ ကျွန်မလို့သုံးလိုက်တယ်မဟုတ်လာ။
မိန်းကလေး တစ်ယောက်ဆီက အခုလို နှင်းဆီ
ပန်းစည်းကြီးနဲ့အတူ အမှာစာလေး ရလာ
လိမ့်မယ်လို့ မထင်ထားပါ။ ပြီးတော့ အဲ့မိန်းက
လေး ဂျိန်းကို သုံးလိုက်တဲ့နာမ်စားက နီနီတဲ့။ရုတ်တရက်ခေါင်းထဲမှာ ပိတ်ရက်က ဆုံခဲ့တဲ့
မိန်းကလေးတစ်ယောက် အကြောင်း ခေါင်းထဲ
ဝင်လာသည်။ အဲ့မိန်းကလေးများ ဖြစ်နေလောက်
မလာ။ လိပ်စာကတ်ကို ထုတ်ကြည့်လိုက်ပြီး
ညနေပိုင်းကြရင် သွားကြည့်ဖို့ ဆုံးဖြတ်လိုက်
သည်။
YOU ARE READING
Broken-winged bird