Unicode
"ဒေါက်တာရောက်လာပြီးပေါ့။"
ဒီမိန်းကလေး အရမ်းကို လှတယ်ဆိုတာကို
တော့ ဂျိန်း မငြင်းနိုင်ပါ။ crop-top အပြာနု
လေးကို ဂျင်းဘောင်ဘီအရှည်နှင့် တွဲဝတ်
ထားပြီး ဆွယ်တာမီးခိုးရောင်လေး ဝတ်ထား
တာက သူနဲ့သိပ်ကို လိုက်ဖက်လွန်းနေတယ်။
ဆံနွယ်နက်နက်တွေကို ချထားတဲ့အပြင်
bangလေးနဲ့မို့ ချစ်စရာကောင်းပါသည်။ဂျိန်း သိချင်နေတာ တစ်ခုရှိသည်။ ဒီမိန်းက
လေး စကားပြောပုံက ဂျိန်း ဒီကိုကျိန်းသေ
ပေါက်ရောက်လာမယ်ဆိုတာ သိထားသလို
မျိုး။ ပန်းစည်းပေးတာ သူများလာ။"ကျွန်မ ဒီကိုရောက်လာမယ်မှန်း ဘယ်လို
သိနေရတာလဲ။"ဂျိန်း မေးလိုက်တော့ အဲ့မိန်းကလေးက
ခေါင်းငုံ့ကာ ခပ်ဖွဖွပြုံးပြီး ဂျိန်းရဲ့မျက်ဝန်း
တွေကို ပြန်လည်ငေးကြည့်ကာ..."ဘယ်လို ကိစ္စမျိုးကြောင့်မဆို တစ်နေ့နေ့
မှာ ဒီဆိုင်လေးကို ဒေါက်တာရောက်လာခဲ့
မယ်လို့ ယုံကြည်နေလို့ပါ။ ကျွန်မက ပန်းအလှ
ဆင်တာမျိုးတွေလည်း လုပ်ပေးတယ်လေ။
ပါတီတစ်ခုခုကို ပြင်ဆင်ဖို့ ဒေါက်တာငှား
ချင်လို့လား၊ ဒါမှမဟုတ် ရုံးခန်းမှာ အလှထား
ဖို့ ပန်းတစ်ခုခုမှာချင်လို့လာ၊ ဒါမှမဟုတ်
ပန်းအလှဆင်သင်တန်း လာတက်ချင်လို့လာ၊
အဲ့တာတွေမဟုတ်လည်း ပန်းတွေရဲ့အဓိပ္ပါယ်
ကို သိချင်လို့များလာ။ ဒီဆိုင်ကို တစ်နည်း
မဟုတ် တစ်နည်းနဲ့ ဒေါက်တာ ရောက်လာ
ခဲ့နိုင်တာဘဲလေ။ လိပ်စာကတ်လေးတောင်
ကျွန်မက ဒေါက်တာ့ကို ပေးခဲ့တာ မဟုတ်
လာ။ အဲ့ဒီတော့ ဒေါက်တာ ဒီကို ဘယ်လို
အကြောင်းပြချက်မျိုးနဲ့ ရောက်လာခဲ့တာလဲ။"စကားတစ်လုံးချင်းစီကို ဖြည်းဖြည်းချင်းစီ
ပြောသွားတဲ့ လေယူလေသိမ်းက အရမ်းဆွဲ
ဆောင်မှုရှိပြီး အသံလေးကလည်း အရမ်းကို
နားထောင်ကောင်းတယ်လို့ ဂျိန်း ထင်သည်။ဒီမိန်းကလေးက တစ်ခုခုတော့ တစ်ခုခုဘဲ။
ဂျိန်း ဒီမိန်းကလေးကို သိချင်လာမိသည်။
ပန်းစည်း ဘယ်သူပေးလဲဆိုတာ သိချင်နေ
ပေမဲ့ မေးပြီး အတည်မပြုတော့ဘဲ ဒီတိုင်း
နှင်းဆီပန်း ၂၄ပွင့်ရဲ့ အဓိပ္ပါယ်ကိုသာ မေး
ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
YOU ARE READING
Broken-winged bird