Part-28

3.6K 227 23
                                    


လင်းထက်
စားပွဲပေါ်မှ အသံထွက်ပေါ်လာသောဖုန်းအား ယူလိုက်ရင်း တဖက်မှ ဖုန်းခေါ်ဆိုအားပြန်လည်ဖြေကြားလိုက်သည်။

"ကိုလင်း"

ဖုန်းကိုင်လိုက်ချင်းချင်းမှာပဲ တဖက်ကလှိုင်း၏သြရှရှနှင့်ချိုသာအေးမြသောအသံကထွက်ပေါ်လာသည်။

လင်းထက်အခုနဲ့ဆို အလုပ်ကိစ္စနဲ့ခရီးထွက်လာတာ 4ရက်ရှိနေပြီဖြစ်သည်။
လှိုင်းဆိုသည့်ကောင်လေးဟာလည်း တကယ့်ကိုချွဲစိန်။သူခရီးစထွက်ကတည်းကဖုန်းတဂွမ်ဂွမ်ခေါ်ပြီးဘယ်လောက်လွမ်းကြောင့်ပြောရတာအမောတကောနှင့်။

စိတ်မရှုပ်ဘူးလားဆိုတော့လည်း မရှုပ်ပါပေ။လှိုင်းဆိုသည့်ကောင်လေးနှင့်ပတ်သတ်လျှင်အားလုံးက သူ့အတွက် သဘောကျစရာကောင်းတယ်မဟုတ်ပါလား။

"ဗျာဗျ ကလေးလေး"

"မနက်ဖြန်ဘာနေ့လဲ"

"July.8လေ"

"July.8တော့ ကိုလင်းမပြောလည်းကျွန်တော်သိတာပေါ့။ကျွန်တော်ပြောတာကအဲ့ရက်မှာဘာရှိလဲ"

"ဘာကိုဘာရှိတာလဲ ကလေးရဲ့"

"ကိုလင်း မမှတ်မိဘူးပဲ..."

လင်းထက် အူတူတူနှင့် ပြန်ဖြေလိုက်တော့ကောင်လေးကအနည်းငယ်စိတ်ပျက်သွားဟန်။
အမှန်က မနက်ဖြန်ဘာရက်မှန်းသူသိပါသည်။

လှိုင်းထက်နောင်ဆိုတဲ့လူသားလေးလူ့လောကထဲကိုစရောက်လာတဲ့နေ့...။ဒီလိုကျေးဇူးတင်စရာရက်မျိုးကိုလင်းထက်မမှတ်မိပဲနေမလားလေ။
ဒါကြောင့်လည်း မနက်ဖြန်အရောက်ပြန်ဖို့
လေယာဉ်လက်မှတ်တောင်ဖြတ်ပြီးသွားပြီ။

လှိုင်းဆိုတဲ့ကောင်လေးကိုမွေးပေးခဲ့တဲ့ယောက္ခမဖြစ်သူကိုလည်းတွေးမိတိုင်း
ကျေးဇူးတင်မိပါ၏။
ဒီလူသားလေးသာ သူ့ဘဝထဲမဝင်လာခဲ့ရင် အခုဆိုသူ့ဘဝကြီးဟာဘယ်လိုဖြစ်နေခဲ့မလဲသူမသိ။

စာရွက်စာတမ်းတွေကြားထဲမှာပဲအချိန်ကုန်နေတုန်းလား၊
အိမ်ဆိုတဲ့အရာကိုမသိပဲ ကုမ္ပဏီမှာပဲညအိပ်နေတုန်းလား ဒါမှမဟုတ် အရင်လိုအချစ်ကိုမယုံပဲ ချစ်သူအပျော်ထားနေတုန်းများလား။

Unique Love Boundary(Complete)Donde viven las historias. Descúbrelo ahora