𝑻𝒉𝒆 𝑺𝒕𝒓𝒂𝒏𝒈𝒆 𝑭𝒐𝒓𝒆𝒔𝒕 𝑨𝒏𝒅 𝒀𝒐𝒖𝒏𝒈 𝑾𝒐𝒎𝒆𝒏
𝑷𝒂𝒓𝒕(2)
တစ်ကျွီကျွီတွန်မြည်နေသောကျေးငှက်တွေ၏အသံမှလွဲ၍ပတ်ဝန်းကျင်ဟာရုတ်ချည်းတိတ်ဆိတ်နေသည်။သူမခေါင်းတွေဟာတစ်ဆစ်ဆစ်ကိုက်ထိုးနေသည်။ချွေးတွေသည်းကာပူအိုက်သည့်ဒဏ်ကြောင့်ပါပွင့်မလာချင်သည့်မျက်လုံးတွေအား အားယူကာဖွင့်ရသည်။ မိမိ၏ခေါင်းသည်ကားစတီယာဒိုင်ပေါ်သို့မှောက်လျက်ကျနေပြီး ရှေ့ကိုကြည့်လိုက်တော့ ချုံနွယ်တွေဖြင့်ပိတ်နေလေသည်။သူမထင်တာမမှားဘူးဆိုလျှင်လွန်ခဲ့သောမိနစ်အနည်းကအက်ဆီးဒန့်အသေးအစားလေးဖြစ်သွားပုံရ၏။သူမကိုယ်အားထက်အောက်ကြည့်ကာ ဘာမှဖြစ်မသွားတာသေချာပြီဆိုမှစိတ်အေးရသည်။ထို့အတူသူငယ်ချင်းတွေကိုကြည့်လိုက်တော့ WTF!!
ဘေးနားကသွေးအလိမ်းလိမ်းဖြင့်မေ့နေသောRoseကိုအရင်ဆုံးမြင်လိုက်ရသည်။အနောက်ကနှစ်ယောက်ကိုကြည့်လိုက်တော့သွေးမမြင်ရတာကြောင့် တော်သေးဟုတစ်ယောက်တည်းရေရွတ်လိုက်မိသည်။သို့သော် နဖူးတွေဟာနီမြန်းနေပြီး သတိပြန်မလည်လာကြသေးပေ။ ယခု
သူမအရင်လုပ်ရမည်ကားခေါင်းပေါက်သွားသည့်Roseအားဆေးထည့်ပေးရန်သာဖြစ်သည်။----------
"အား ငါ့ခေါင်းပေါက်သွားတာလား "
Ohh အကြီးကြီးဘဲ ဟင့်"ပတ်တီးစည်းထားသောခေါင်းကဒဏ်ရာအားလက်ဖြင့်ကိုင်၍ကားမှန်ကနေတစ်ဆင့်သူမဒဏ်ရာအတိမ်အနက်အားကြည့်ကာလန့်နေသည့်Roseကြောင့်မျက်နှာကိုအတတ်နိုင်ဆုံးငယ်ထားရသည်။အနောက်ကနှစ်ယောက်ကလည်းတစ်လှည့်ဆီကြက်ထုတ်ထိုးပေးနေကြသည်မို့ မျက်နှာတောင်မပြရဲပေ။
"မတရားလိုက်တာ ။နင်တို့ကကျဘာမှမဖြစ်ဘဲ ငါတစ်ယောက်တည်းမှခေါင်းပေါက်ရတယ်လို့။"
မကျေမနပ်ဖြင့်ထွက်ပေါ်လာသောအသံကြောင့် ဘေးနားကRoseအားလှည့်ကြည့်မိသည်။ဒင်းကသူတစ်ယောက်တည်းကွက်ပြီးခေါင်းပေါက်သွားတာကြောင့်မကျေမနပ်ဖြစ်နေပုံရ၏
"မသေတာဘဲကံကောင်းသွားတယ်ပြောရမယ်။အချိန်ကတော်တော်လင့်နေပြီဘဲ။ဒီပုံစံတိုင်းဆိုမဖြစ်ဘူး။အရင်ခရီးဆက်ဖို့ပြင်ကြရအောင်။"
YOU ARE READING
"𝑻𝒉𝒆 𝑺𝒕𝒓𝒂𝒏𝒈𝒆 𝑭𝒐𝒓𝒆𝒔𝒕 𝑨𝒏𝒅 𝒀𝒐𝒖𝒏𝒈 𝑾𝒐𝒎𝒆𝒏"
Romanceဆယ်တန်းအောင်သည့်အထိမ်းအမှတ်ဖြင့် အချစ်ဆုံးသူငယ်ချင်းလေးယောက် ထူးဆန်းပြီးလူပြောများနေသည့်တောအုပ်ကြီးထဲသို့ ခရီးထွက်လာခဲ့ကြရာ...။ စိတ်လှုပ်ရှားမှုရသတွေအပြင် ပျော်ရွှင်မှု ၊ ဝမ်းနည်းမှုတွေပါမက အက်ရှက်ဆန်ဆန်ပြကွက်တွေလည်းမြင်တွေ့ရမှာမို့ အဆုံးထိongoin...