#စုံထောက်မလေးမေရွက်ဝါနှင့်သုံးလောင်းပြိုင်အသတ်ခံရမှု#
Part(2)
"ဒီအမှုကစိတ်ဝင်စားဖို့ကောင်းသား...ဒါနဲ့တစ်အိမ်သားလုံးအသတ်ခံရချိန်မှာ.ဦးမိုးကောင်းကဘယ်ရောက်နေတာလဲ”
"ဘယ်သိမှာလဲ.သူ့ကိုသွားမေးပေါ့”
ရဲခေါင်ရဲ့ရွှတ်နောက်နောက်စကားကြောင့်ရဲခေါင်ကိုရွက်ဝါမျက်စောင်းဒိုင်းခနဲထိုးလိုက်သည်....
"ကျွန်မတို့အမှုဖြစ်ပွားခဲ့တဲ့..မြို့အပြင်ကဦးမိုးကောင်းတို့အိမ်သွားလေ့လာကြမယ်”
"သွားပေါ့..”
အလုပ်လုပ်နေတဲ့အချိန်ရွှတ်နောက်နောက်လုပ်တာတော့ရွက်ဝါမကြိုက်ပေ..
"ဒီမှာ..ရှင်ဘာဖြစ်နေတာလဲ..အလုပ်လုပ်နေတဲ့အချိန်မှာနောက်တီးနောက်တောက်တွေမလုပ်ပါနဲ့..ကျွန်မ မကြိုက်ဘူး..ဒါကအလုပ်ချိန်ဆိုတာသတိရပါ..ကိုရဲခေါင်”
ရွက်ဝါပြောတာမှန်ပေသည်..ရဲခေါင်လည်းကိုယ့်ကိုကိုယ်အံသြမိသည်..အရင်ကအလုပ်ချိန်အလုပ်ကိစ္စကလွဲ၍မည်သည့်စကားအပိုများမပြောရဟုစည်းကမ်းတင်းကြပ်သောရဲခေါင်သည်သူမနှင့်တွေ့မှ..အလုပ်ချိန်တွင်ရွှတ်နောက်နောက်နှင့်..
"ရှင်..ကားပေါ်မှာဘာထိုင်လုပ်နေတာလဲ..ကျွန်မတို့ကအမှုကိစ္စစုံစမ်းဖို့လာတာနော်..”ရွက်ဝါပြောမှသူသတိရသည်..သူတို့ဦးမိုးကောင်းရဲ့အိမ်ရှေ့ပင်ရောက်နေပြီ....
လူခေါ်Bellကိုတီးလိုက်သည်...
(တီးး.တောင်.တီးးတောင်)
ခြံထဲတွင်လူအရိပ်အယောင်လဲမတွေ့ရ..ခြံတံခါးကစေ့ရုံမျှသာစေ့ထား၏...
"ရွက်ဝါ..ဒီမှာ.တံခါးကစေ့ထားတယ်..ဖွင့်ပြီးဝင်သွားလို့ရတယ်…”
"Aww. အွန်း..အာ့တာဆိုလဲအထဲဝင်ရအောင်.”
လူသေအလောင်းတွေရဲ့ပုံစံကိုမြေဖြူနှင့်ဆွဲထားတဲ့ပုံရယ်..ခြောက်ကပ်နေသောသွေးအိုင်ရယ်ကလွဲ၍..တခြားဘာမှမရှိ..
(ကဒေါင်)သူတို့မှုခင်းဖြစ်ပွားခဲ့သောနေရာကိုစစ်ဆေးနေကြစဥ်..အနောက်မှတခုခုကိုတိုက်မိသောအသံကြားရသည်..အသံကမီးဖိုချောင်ဘက်ကလာတာဖြစ်လို့အသံကြားရာဆီကိုရွက်ဝါအမြန်သွားလိုက်ပြီး..ကုတ်အကျီအနက်နှင့်လူနောက်ကိုတဟုန်ထိုးလိုက်ခဲ့သော်လည်း..ခြံအနောက်ဘက်ရောက်တော့မျက်စပြတ်သွားသည်..
"တောက်..မိခံနီးမှ..နင်ပြေးနိုင်သလောက်ပြေးထားစမ်းပါ..နင်မေရွက်ဝါလက်ကမလွတ်စေရဘူး..”
ရွက်ဝါတယောက်ထဲကြုံးဝါးရင်း.အနောက်သို့လှည့်လိုက်တော့
"အမလေး..လန့်လိုက်တာ..ရှင်ကလဲ..အသံမပေး.ဘာမပေးနဲ့”
"ဟားဟားဟား”သူ့စကားကြားတော့ရဲခေါင်တဟားဟားနဲ့အော်ရီနေလေရဲ့...
"ရှင်..ဘာရီတာလဲ..လူကတင်းနေတာနော်..”
"ခုနတုန်းကကြုံဝါးနေလိုက်တာများ..တကယ့် fighter ကြီးကြနေတာပဲ..ရုတ်တရက်ကိုယ့်ကိုမြင်လိုက်တော့လန့်တယ်ပေါ့.ဟုတ်လား”
"လန့်တာပေါ့ဗျ..ခင်ဗျားရုပ်ကသရဲကပြန်ပြီးအဘခေါ်ရမယ့်ရုပ်လေ”
"ဟာ..ပြောရက်လိုက်တာ..ဒီလောက်ချောမောနေတဲ့ခန့်ချောကြီးဘယ်လိုကြည့်ပြီးပြောလိုက်တာလဲ”ရွက်ဝါမျက်နှာအနီးကိုရဲခေါင်မျက်နှာကပ်ပြီးပြောလိုက်သောကြောင့်