အပိုင်း (၃) [Uni + Zaw]

1.7K 206 5
                                    

(Unicode)

ငါ့ရဲ့မသန်စွမ်းစစ်နတ်ဘုရား
အပိုင်း (၃)
Author - Liu Gou Hua
Translator – Galene**********

ဇာပဝါက ကြမ်းပြင်ပေါ်သို့ လွင့်ကျသွားချိန်တွင် ကျန်းဆွေကျိုး နောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။

သူ့နှလုံးက ထိတ်လန့်မှုကြောင့် အပြင်းအထန် လှုပ်ရှားနေကာ သူ့နားထင်တွင် သွေးများ စီးဆင်းနေသည်ကိုပင် ကြားလာရသည်။

...အကြည့်တစ်ချက်မျှသာ ရှိသေးသည်။

ထိုလူ၏မျက်ခုံးများက သူ့မျက်လုံးများထဲရှိ ရက်စက်ကြမ်းကြုတ်လှသည့် လူသတ်နေချင်ဟန် အကြည့်များကို ပိုမိုအေးစက်စေသည်။

သူ ထိတ်လန့်တုန်လှုပ်မိနေချိန်မှာပင် ကျန်းဆွေကျိုး သေဆုံးတော့မည့် သားရဲကောင်ကြီးကို ကြည့်နေရသလို ခံစားမိသည်။ အစွယ်ချိုးထားသော်လည်း အချိန်မရွေး သူ့နားရောက်လာကာ သူ့လည်ချောင်းကိုဖောက်ရင်း အသက်ကို ရန်ရှာလာနိုင်သည်။

အနီရောင်ဖယောင်းတိုင်များမှ အမွှေးနံ့က လေထုထဲ သို့ သင်းပျံ့လာသည်။ လေထဲတွင်ပင် အကျဉ်းခန်း အနံ့ဆိုးနှင့် ညှီဟောက်ဟောက် သွေးအနံ့က ပေါင်းစည်း သွားသည်။

ထိုအတွက်ကြောင့် သံသယဖြစ်စရာ မလိုတော့ဘဲ ဤလူက မည်သူမှန်း သူသဘောပေါက်လာရသည်။

...တောင်ပိုင်းကျင်းမင်းဆီမှာ ဒုက္ခိတဖြစ်တဲ့အထိ အနှိပ်စက်ခံ အရိုက်ခံရတဲ့လူ၊ နောက်သုံးနှစ်ကြာရင် သူ့ခေါင်းကို ဖြတ်ပြီး မြို့တံခါးမှာ ချိတ်မယ့် လျောင်ပြည်ကြီးရဲ့ စစ်နတ်ဘုရား မဟုတ်ဘူးလား။'

ကျန်းဆွေကျိုး သူ့ကျောင်းသားကို ပြန်တောင်းပန်ချင်စိတ် ပေါ်လာရ၍ သူ့နှုတ်ခမ်းသူ ကိုက်ထားရသည်။

သူ့ကို ပြန်ခွင့်ပေးပါတော့။ သူ တကယ် ထွက်သွားချင်နေပြီ။

ကျန်းဆွေကျိုး နေရာတွင် တောင့်ခဲနေရာ မုန့်ချန်ရှန်းက အလျင်လိုလာရပြီး ရူးသွားချင်မိသည်။

'အရှင်က ဘာလုပ်နေတာလဲ။ ဇာပဝါကို ပစ်ချပြီးတော့ ဒီအတိုင်း ဘာမှမပြောဘဲ စိုက်ကြည့်နေတာ'

ငါ့ရဲ့ မသန်စွမ်းစစ်နတ်ဘုရား [ဘာသာပြန်]Opowieści tętniące życiem. Odkryj je teraz