"အတန်းခေါင်းဆောင်အဖြစ်ရွေးချယ်ခံလိုက်ရတာကတော့ အီဒါအူးလ်"
တစ်ခန်းလုံးဝိုင်းတီးတဲ့လက်ခုပ်သံတွေကြား ဒါအူးလ်တစ်ယောက်ကြောင်တောင်တောင်လေးထရပ်သည်။သေချာပေါက် အတန်းခေါင်းဆောင်ရွေးချယ်ခံရဖို့ နာမည်စာရင်းမပေးခဲ့ပေမဲ့ ရုတ်တရက်ကြီး ဘယ်ကဘယ်လိုအတန်းခေါင်းဆောင်ဖြစ်သွားမှန်း ဒါအူးလ်နားမလည်နိုင်။
အခန်းထဲကနေဆရာထွက်သွားသည့်တိုင်အောင် ဒါအူးလ်ကကြောင်တောင်တောင်။ဘေးနားမှာထိုင်တဲ့ အတန်းဖော်ကောင်လေးက လက်ကိုဆွဲချမှ သတိပြန်ဝင်တော့တယ်။
"ဂျွန်ဆော ငါအတန်းခေါင်းဆောင်နေရာအတွက်စာရင်းမပေးခဲ့ဘူးလေ"
"သိတယ်လေ ဟျောင်းအတွက်ကျွန်တော်ပေးလိုက်တာ"
"ဘာ"
အင်မ်ဂျွန်ဆောအမည်ရတဲ့ကျောင်းသားက ဒါအူးလ်ဘေးမှာထိုင်သည်။အသက်အရွယ်အရတစ်နှစ်ကွာပေမဲ့ ဂျွန်ဆောက အတန်းကျော်တက်လာတာကြောင့် တစ်ခန်းထဲတူတူကျပီး ခုံချင်းပါဘေးကပ်ရပ်ထိုင်ဖြစ်သည်။
ဂျွန်ဆောကအရပ်ရှည်ရှည် ဒေါင်ကောင်းကောင်းနဲ့ စာတော်ပီးခင်ချင်စရာကျောင်းသားတစ်ယောက်ဆိုပေမယ့် ဒါအူးလ်အတွက်တော့ဂြိုလ်ကောင်လေး။စတွေ့ပါပီဆိုတဲ့နေ့ကတည်းက ဟျောင်းချင်းထပ်အောင်ခေါ်ပီး အနားလိုက်ကပ်နေတဲ့ပက်ကျိလေးက သူလုပ်ချင်တာပဲသူသိတဲ့ခပ်ဆိုးဆိုးကျောင်းသားလေး။
အခုလဲ ဒါအူးလ်ကိုယ်တိုင်ကအတန်းခေါင်းဆောင်မလုပ်ချင်ဘူးပြောထားရက်နဲ့ သူ့သဘောနဲ့သူစာရင်းသွားပေးထားတယ်လေ။ငြိမ်နေလို့ ကျော်လို့ရပီထင်နေတဲ့ညီညီလေးကို ဒါအူးလ်တို့ စိတ်အကြီးကြီးဆိုးပစ်မှကိုရတော့မယ်။
"ဘာလို့မင်းသဘောနဲ့မင်းလုပ်တာလဲ။ငါအတန်းခေါင်းဆောင်မလုပ်ချင်ဘူးလို့ပြောထားတယ်လေ"
ကိုယ်ပိုင်စာကြည့်ချိန်လဲဖြစ်တာကြောင့် ဒါအူးလ်ကလွယ်အိတ်ဆွဲလို့စာသင်ခန်းထဲက ထွက်လာလိုက်တယ်။ကျောင်းဘောလုံးကွင်းနားက ခုံတန်းဘက်ထွက်လာလိုက်ပီး တစ်ယောက်တည်းထိုင်နေလိုက်တယ်။ဒါအူးလ်ဖြင့်စိတ်ရှုပ်လွန်းလို့ အခုချိန်မှာဘယ်သူနဲ့မှစကားပြောချင်စိတ်ရှိမနေဘူး။

VOUS LISEZ
If hyung is moon , I will be a star
FanfictionLee daeul x Lim Junseo oneshot collections