#You could give me chills on a summer day, yeah
When we're layin' still but you make my heart race" ဘယ်လို ပန်းမျိုး သဘောကျလဲ ဟျောင်း "
" ဂျွန်ဆော ငါက ပန်းဆို ကျူးလစ်တွေ သဘောကျတာ "
" ကျူးလစ် .. "
ဂျွန်ဆောသည် ငိုင်ငိုင်ကြီး ထိုင်နေ၍ ကျူးလစ်
အကြောင်းကို စဥ်းစားမိနေသည်ကို ဒါအူးလ် သတိထားမိသွားသလား မပြောတတ်။ ဂျွန်ဆော ပုခုံးကို ပုတ်၍ မျက်မှောင်ကြုတ်ကာ မေးလာပါသည်။" အင်း မင်း ကျူးလစ်တော့ သိတယ်မလား "
" ဟျောင်းကလည်း သိတာပေါ့ "
° ° ° ° °
" ဦးလေးကြီး မြန်မြန်မောင်းပေးပါ "
" ကားက အရမ်းကျပ်နေတာ နောက် မိနစ် ၂၀လောက်တော့ ရောက်မယ် "
" ကျွန်တော် ဆင်းတော့မယ် "
တက်စီကားပေါ်က ဆင်း၍ ကျောပ်ိုးအိတ်ထဲသို့ လတ်လတ်ဆတ်ဆတ် ဝယ်လာသော ကျူးလစ်ပန်းပွင့်လေးကို ထည့်ကာ ကားများရပ်ထားသည့် လမ်းမတစ်လျှောက်တွင် ဂျွန်ဆော စိတ်အားထက်သန်စွာ ပြေးနေပါသည်။ နောက်ကျသွားမှာစိုး၍ ဂျွန်ဆော ပို၍ပင် အရှိန်တင်ကာ ပြေးနေသည်မလို့
လမ်းမပေါ်ရှိ ရေအိုင်ကိုလည်း သတိမထားမိပါ။ဂျွန်ဆော ဖိနပ်သည် ရေအိုင်ကို တက်နင်းမိသွားသောအခါ ငြိမ်သက်နေသာ ရေပြင်ပေါ်သို့ ခဲလုံးလေး ပစ်လိုက်သလိုမျိုး လှုပ်ရှားသွား၍ ဂျွန်ဆော ဖိနပ်သည်လည်း ရေများ စိုရွဲသွားပါသည်။ ကျောပိုးအိတ်တွင် ချိတ်ထားသော လ ပုံစံ ကီးချိန်းလေးသည်လည်း လှုပ်ရှားလွန်းနေပါသည်။
ဒါကို ဂျွန်ဆော ဂရုမစိုက်ပါ။ လက်ရှိမှာ ဂျွန်ဆော ဂရုစိုက်တာ ဒါအူးလ်စီ အရောက်သွားရန်သာ ဖြစ်ပါသည်။
ဂျွန်ဆော ကျောင်းခန်းမထဲသို့ လျင်မြန်စွာ ဝင်ခဲ့ပါသည်။ ထိုင်စရာ နေရာရှာ မရတော့သည့်
အဆုံးတွင် ဂျွန်ဆော လူကြားထဲ မတ်တပ်ရပ်ကာ စတိတ်စင်နှင့် အနီးကပ်ဆုံး နေရာထိ ရောက်အောင် သွားလိုက်ပါသည်။ ဂျွန်ဆော ရောက်သည့်အချိန်တွင် Musical သည် တစ်ဝက်ပြီးနေပြီ ဖြစ်၏။ ဂျွန်ဆော အစမမှီလိုက်တာကြောင့် စိတ်ပျက်လက်ပျက် ဖြစ်နေပါသည်။