အိမ်တံခါး ဖွင့်၍ ဝင်ဝင်ချင်းမှာပင် ဒါအူးလ် ပြုံးပြလျက် ဂျွန်ဆောကို မေးလိုက်ပါသည်။
" ဂျွန်ဆော ဘာစားပြီးပြီလဲ ? "
" ဘာမှ မစားချင်လို့ ဘာမှမစားဘူး "
ပြန်ဖြေပုံကို သဘောမကျတဲ့အခါ ဒါအူးလ် မျက်မှောင်ကြုတ်ပြီး ဂျွန်ဆောကို ထပ်မေးပါသည်။
" နေမကောင်းဖူးလား ? "
" ဟျောင်း ဘာလို့ အများကြီး မေးနေတာလဲ
ကျွန်တော် သွားအိပ်တော့မယ် "" အင်မ်ဂျွန်ဆော "
" အဲ့မှာ ညနေစာ ဗိုက်ဆာနေရင် စားလိုက် "
အေးတိအေးစက် ဖြင့် သူ့ကို ကြည့်နေသော ဂျွန်ဆောကို ဒါအူးလ် အံ့သြစွာ ကြည့်နေမိပါသည်။ ထို့နောက် ညနေစာ ကို ကြည့်လျက် သက်ပြင်းချလိုက်ပါသည်။ ဘာဖြစ်သွားပါလိမ့် .. ။
ဂျွန်ဆော စိတ်မကြည်ပါ။ အမှန်တိုင်း ပြောရမယ်ဆိုရင် စိတ်ဆိုးနေပါသည်။ ဒါအူးလ်ကို စိတ်ဆိုးလို့ စကားကောင်းကောင်းပြန်မပြောဖြစ်ပါ။ ဒါအူးလ်ကတော့ တုံးအစွာပင် ဂျွန်ဆောဘာဖြစ်နေလဲ မရိပ်မိသေးပါ။ ဘာလို့ ဒီလောက် တုံးတဲ့ ကောင်လေးကို ရထားရပါလိမ့်။
အိပ်ရာထဲတွင် ခွေခွေလေး အိပ်ကာ စူပုတ်နေပါသည်။ ဒါပေမဲ့လည်း ဒါအူးလ် ညနေစာ မစားရသေးတာကြောင့် စားမှစားပါ့မလား ကို တွေးမိနေပြန်သည်။ သာမာန်ဆို ဒါအူးလ် အလုပ်မှ ပြန်ရောက်ပြီဆိုရင် ဂျွန်ဆောက ညနေစာ အဆင်သင့် ပြင်ထားပေးပြီးသား ဖြစ်သည်။ သူတို့ ညနေစာ တူတူစားနေကျ ဖြစ်ပါသည်။ အခုချိန်မှာတော့ စိတ်ဆိုးနေတာကြောင့် ဂျွန်ဆော ညနေစာလည်း မစားရ ၊ အချော့လည်း မခံရဖြစ်နေတော့သည်။ အဲ့ဒါလေ ဘာလို့
အဲ့လို ဖြေရတာလဲ လို့ တွေးရင်း တနုံနုံ ဖြစ်ကာ အိပ်လို့လည်းမရပါ။ဒါအူးလ်သည်လည်း ထပ်တူပင်။ သူ့ကို ဂရုမစိုက်လို့ စိတ်ဆိုးမိပြန်သည်။ ညနေစာတူတူစားနေကျကို တူတူမစားပေးလို့ စကားကောင်းကောင်း ပြန်မပြောလို့ ဒေါသထွက်နေပြီ ဖြစ်သည်။ အရသာရှိသော ညနေစာကို စားလိုက်ရင်း ဖုန်းကို ထုတ်ကြည့်လိုက်ပါသည်။
" နွေဦးကို ရောက်နေပေမယ့် ကျွန်တော်ကတော့ တစ်ကိုယ်တည်း ဖြစ်နေတုန်းဆိုတော့ အားကျမိပါတယ် "
ဒီနေ့ ဒါအူးလ် တိုက်ရိုက်ထုတ်လွှင့်နေသော အင်တာဗျူးတွင် ဖြေသွားသော စကားတစ်ခွန်းပင် ဖြစ်သည်။ ပရိသတ်တွေသည် ဝမ်းသာနေကြ၍ ဒါအူးလ် ပြုံးလိုက်ပါသည်။ ထို့နောက် ငတုံးလေး
ဒါအူးလ် အချိန်အတော်အတန်ကြာမှ သဘောပေါက်သွားပါတော့သည်။" ဂျွန်ဆော .. "
" ဘာလဲ ဟျောင်း "
" စိတ်မဆိုးပါနဲ့တော့ "
ဂျွန်ဆော မဲ့ပြုံးပြုံးကာ ဒါအူးလ် ကြည့်နေပါသည်။ စူပုတ်ပုတ် လုပ်၍ ဂျစ်ကန်ကန် ဖြစ်နေသော ဂျွန်ဆော၏ ပုံစံသည် မြင်ရခဲပါသည်။ ဒါအူးလ်က မျက်နှာငယ်လေးဖြင့် ဂျွန်ဆော ပြောမယ့် စကားတွေကို နားထောင်နေပါသည်။
" ဆိုးတယ် ဘာလဲ နွေဦးမှာ ဒီလို ကောင်လေး
ရှိနေတာတောင် ဘာကို တစ်ကိုယ်တည်းလဲ "" သိပြီမလို့ ဟျောင်း တောင်းပန်ပါတယ် "
" ဂျွန်ဆောကလည်း "
" ဟျောင်းမှာ ဂျွန်ဆောပဲ ရှိတာကို "
ဒါအူးလ် သည် ထိုင်နေသော ဂျွန်ဆောကို နောက်ကျောမှ သိုင်းဖက်ထား၍ ချိုသာသော အသံလေး
ဖြင့် ပြောသောအခါ ဂျွန်ဆော နှုတ်ခမ်းလေးတွေ ကော့သွားပါတော့သည်။ ထို့နောက် သိုင်းဖက်ထားသော ဒါအူးလ် လက်တွေကို ကိုင်ကာ" မချွဲနဲ့နော် အလုပ် မဖြစ်ဘူး " ဟု ဟန်ဆောင်ပန်ဆောင် ပြောကာ လက်ကိုလည်း မလွှတ်တော့ပါ။
-