-" ကိုကို ကျွန်တော့်ကို မစဥ်းစားပေးတော့ဖူးလား "
ဂျွန်ဆော ဒါအူးလ်နဲ့ ပြန်တွေ့ကတည်းက အချိန်တိုင်း မေးလေ့ရှိတဲ့ မေးခွန်းသည် ဒီမေးခွန်း ဖြစ်ပါလိမ့်မည်။ ဒါအူးလ်ကတော့ ဒီမေးခွန်းနဲ့
ပတ်သက်ရင် ဝေ့လည်ကြောင်ပတ် လုပ်၍ ဘယ်တော့မှ တိတိကျကျ ဖြေလေ့မရှိပါ။ အားနာလို့
ပြုံးပြုံးလေးဖြင့် ငြင်းလေ့ရှိပါသည်။" အင်း "
" ရပါတယ် ကျွန်တော်က လွယ်လွယ် လက်မလျှော့တတ်ဘူးဗျ "
ဒါအူးလ် ဂျွန်ဆောကို ကြည့်ရင်း ရယ်လိုက်ပါသည်။ တစ်ခါလောက် စမ်းကြည့်လိုက်လေ ဟု
ပြောနေသည့် မျက်လုံးများဖြင့် ကြည့်နေပါသည်။° ° °
ဂျွန်ဆောသည် အသက် ၁၆နှစ် ဒါအူးလ်သည် ၁၈နှစ်။ ကလေး အရွယ်ကတည်းက စသိခဲ့သော ဒါအူးလ်ကို ဂျွန်ဆောသည် ဆယ်ကျော်သက်အရွယ်သို့ရောက်သောအခါ ဒီတိုင်း ခင်တဲ့ အစ်ကို တစ်ယောက်ထက်ပို၍ပင် ခံစားချက်များ ရှိနေခဲ့ပါသည်။ ဒါကို ဂျွန်ဆော သိလိုက်ရတဲ့အခါ ဒါအူးလ်ကို ရှက်ရွံ့စွာဖြင့် ဖွင့်ပြောဖူးပါသည်။ ဒါပေမဲ့
သေချာပေါက် ငြင်းခံလိုက်ရတာပေါ့။" ကိုကို့ကို သဘောကျတယ် "
ဒါအူးလ်သည် သူ့ထက် အရပ် အနည်းငယ် နိမ့်နေသော ဂျွန်ဆောကို ကလေးတစ်ယောက်လို တယုတယ ကြည့်ကာ ဆံပင်လေးတွေကို ပွတ်သပ်ပေးရင်း ပြောလိုက်ပါသည်။
" ကိုကို ဂျွန်ဆောကို သဘောမကျဘူး "
" အဲ့ဒါဆို ပြန်စဥ်းစားကြည့်လိုက်ဦးမယ်
နောက်ရက်ကျ ထပ်လာပြောမယ်နော် " ဟု သာ ပြောခဲ့ရင်း ဇာတ်လမ်းပြီးဆုံးသွားခဲ့ရပါသည်။ဂျွန်ဆော ၁၈နှစ်ပြည့်သောအခါ ဒါအူးလ် ၂၀ ပြည့်ပြီဖြစ်၍ အထက်တန်းပြီးသွားပါပြီ။ သူတို့ကြား အရာတော်တော်များများလည်း ပြောင်းလဲသွားပါတော့သည်။ အဓိကကတော့ အရပ် ဖြစ်ပါလိမ့်မည်။
ဂျွန်ဆောသည် ဒါအူးလ်ထက် သိသိသာသာပင် အရပ်ရှည်ထွက်လာသော အထက်တန်းကျောင်းသား ဖြစ်နေပါသည်။ ထိုအခါတွင်လည်း ထပ်၍ ဖွင့်ပြောခဲ့ပါသေးသည်။