💛အခန်း - ၂၄💛

290 27 3
                                    

Unicode💛

" ဘာလို့သက်ပြင်းတွေချနေတာလဲ Renjun "

အနားသို့တိုးကပ်ကာ ခါးအားဖက်တွယ်ပြီး မေးလာသည့် Jenoအမေးကြောင့် ခေါင်းခါပြဖြစ်သည် ။

" ဆေးလိုနေပြန်ပြီလား "

" ဟင့်အင်း "

ငြင်းဆန်လိုက်ပေမဲ့ အမှန်တကယ်လည်း ဆေးကလိုအပ်နေပြန်ပြီ ။

" ကိုယ်ဝယ်ပေးမယ်လေ "

ဖုန်းကိုလှမ်းယူကာ ဆက်ဖို့ပြင်နေတဲ့ Jenoလက်တွေကို တားလိုက်ပြီး ရင်ခွင်ထဲခေါင်းတိုးဝင်ကာ .. ။

" ဟင့်အင်း Jeno "

" ဘာလို့လဲ "

" ငါအဲ့ဒါတွေမသုံးချင်တော့ဘူး "

" ဒါပေမဲ့ မင်းခံစားနေရတယ်လေ "

" မင်းငါ့ကိုအလိုလိုက်ပြီး ဝယ်ပေးနေရင် ငါဆေးမပြတ်ပဲဖြစ်သွားလိမ့်မယ် ၊ ငါအဆင်ပြေပါတယ် Jeno ၊ ဒီအတိုင်း ခဏနေရင် ပျောက်သွားမှာပါ "

" တကယ်လို့မပျောက်ရင် ကိုယ့်ကိုယ်ပြောနော် "

" အင်း "

" လာ ကိုယ့်ရင်ခွင်ထဲ "

လက်အားဆန့်တန်းကာပေးသည့် Jenoရင်ခွင်ထဲတိုးဝင်လိုက်တော့ တင်းကျပ်စွာဖက်ထားလေသည် ။

အဆင်ပြေမယ်လို့ထင်ထားပေမဲ့ တကယ်တမ်းတော့ အဆင်မပြေဘူး ။

ဆေးကိုလိုချင်စိတ်ကြောင့် စိတ်တွေကဂနာမငြိမ်ဖြစ်နေသည်အား Jenoမသိစေဖို့အတွက် အောက်နှုတ်ခမ်းကိုသာ တင်းနေအောင်ဖိကိုက်ထားဖြစ်သည် ။

" အင်း ဟင်း "

" ဘာဖြစ်လို့လဲ ၊ အဆင်မပြေဘူးလား "

" ဟင့် အင်း ၊ ရတယ် "

" အဲ့လိုလုပ်လို့ ဘယ်ဖြစ်မလဲ Renjun ၊ ထ "

" ရတယ်လို့ "

" ထစမ်းပါကွာ "

လက်ကနေဆွဲထူကာ အခန်းပြင်သို့ခေါ်ခဲ့ပြီး လှေကားထစ်တွေအတိုင်း အောက်ထပ်ကိုပြေးဆင်းခဲ့တော့ Jaeminအံ့သြစွာလိုက်ကြည့်နေသည် ။

" ဘာဖြစ်လို့လဲ "

" Jaemin တံခါးတွေပိတ်ထားလိုက်တော့ "

  💛မုန်းတာလေးကိုချစ်တယ်💛 [💛မုန်းတာလေးကိုချစ်တယ်💛]Where stories live. Discover now