💛အခန်း - ၂၃💛

474 40 13
                                    

Unicode💛

ငါမသိအောင် မင်းဖွတ်ထားချင်တဲ့အရာကဘာလဲ Renjun..

" မင်းလက်နောက်ကဘာလဲ Renjun "

" ဘာမှမဟုတ်ဘူး "

" Renjun "

နောက်ပြန်ဖွတ်ထားသည့်လက်တို့အား လှမ်းယူဆုတ်ကိုင်ကာ လက်ဖဝါးတို့ထဲထိုးနှိုက်လိုက်တော့ ဆေးပြားလေးတွေထွက်လာသည် ။

" ဆေး "

နှာခေါင်းနားကပ်ကာ အနံ့ခံကြည့်လိုက်ပြီး..

" အိပ်ဆေးတွေကို မင်းဘာလုပ်မလို့လဲ Renjun "

" Jeno ငါ့ကိုပြန်ပေးပါကွာနော် "

" ငါမေးနေတာဖြေလေ.. အိပ်ဆေးတွေကို မင်းဘာလုပ်မလို့လဲလို့ "

ကျွန်တော့်အမေးကိုဖြေဖို့ထက်ပိုပြီး အရေးကြီးတဲ့အရာ Renjunမှာဖြစ်နေပုံပဲ.

ချွေးစေးတွေနှဖူးပြင်တစ်လျှောက် တွဲလျားခိုလို့နေသည် ။

" မင်းချွေးတွေအရမ်းထွက်နေတယ် Renjun.. ငါသုတ်.. "

" ငါမရတော့ဘူး Jeno.. ငါယင်းထနေပြီ "

တုန်တုန်ယင်ယင်နှုတ်ခမ်းပါးက မပီဝိုးတဝါးစကားကြောင့် ကျွန်တော့်အသိတရားတို့ ပြာနောက်သွားရသည် ။

" မဟုတ်မှ.. Renjun  မင်း.. "

လမ်းမထက်မှာ တရေးရေးပြေးနေတဲ့ ကားလေးက နေရာတစ်ခုဆီ ဦးတည်၍နေသည် ။

" Jeno မင်းငါ့ကိုဘယ်ခေါ်သွားနေတာလဲ "

" ခဏလေးပဲစောင့် Renjun "

မအီမလည်ဖြစ်နေဟန်တူသည့် Renjunလက်ကလေးတွေအား ဆုတ်ကိုင်ရင်း ကားကိုအမြန်ဆုံးမောင်းပစ်လိုက်သည် ။

ဟန်မြစ်ကမ်းရဲ့တစ်ဖက် တံတားအောက်မှာ ကားကိုထိုးဆိုက်လိုက်ပြီး နာရီလက်တံကိုရေတွက်နေမိသည် ။

' ဘုတ်..ဘုတ် '

တံခါးကိုခပ်ဖွဖွလာပုတ်သည့်လက်တွေကြောင့် ကားမှန်အားလျှောကာချပေးလိုက်တော့ Guminလွှတ်လိုက်ဟန်တူသည့် လူတစ်ယောက်က ပစ္စည်းအိတ်တစ်ခုလာ၍ပေးသည် ။

" ငါနောက်မှ Guminနဲ့ရှင်းလိုက်မယ် "

" ဟုတ်ကဲ့ ဆရာ "

  💛မုန်းတာလေးကိုချစ်တယ်💛 [💛မုန်းတာလေးကိုချစ်တယ်💛]Where stories live. Discover now