Part-1

4.2K 5 0
                                    

ကျွန်တော်ကမိဘ‌တွေမရှိတော့တဲ့တစ်ကောင်ကြွက်(၁၀)တန်းကျောင်းသားတစ်ယောက်ပေါ့။မိဘတွေမရှိတော့ပေမယ့် အမ အရင်းတစ်ယောက်နဲ့အတူတူနေတယ်။သူလည်းအလုပ်တွေနဲ့ဆိုတော့ညဘက်‌ပဲတွေ့ဖြစ်ကြတယ်။သူကကျွန်တော်မနိုးခင်ကျွန်တော့အတွက်မနက်စာပြင်ဆင်ပီးမှအလုပ်သွားတယ်။ကျွန်တော်တခါတလေအိပ်ရာထနောက်ကျရင်သူလုပ်ပေးထားခဲ့တဲ့မနက်စာကိုတောင်ဖြောင့်အောင်မစားနိုင်ဘဲကျောင်းကိုအမှီပြေးရတယ်။ကျွန်တော်တို့အိမ်‌ချင်းကပ်လျက်မှာလည်းမိန်းကလေးတစ်ယောက်နေတယ်။သူကသတ္တိတော့ရှိသား။တစ်ယောက်တည်းပဲနေတယ်။သူနဲ့ကျွန်တော့အမကအရမ်းခင်ကြတဲ့သူငယ်ချင်းတွေလိုတောင်ဖြစ်နေကြပီ။ကျွန်တော့အမ နေမကောင်းလို့ဟင်းမချက်နိုင်တဲ့နေ့တွေဆိုသူကလာပီးကူလုပ်ပေးတယ်။တခါတလေဟင်းတွေလာပီးပို့ပေးတတ်တယ်။ကျွန်တော်နဲ့လည်းအထိုက်အလျောက်တော့ခင်ပါတယ်။သူ့နာမည်က မမ ဇာဖြူ တဲ့။သူကအရမ်းလှတယ်။ရုပ်ရှင်မင်းသမီးနီးပါးလောက်လှတဲ့အလှမျိုးကိုပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ပေါ့။သူ့မှာမျက်နှာတင်သာမကခန္ဓာကိုယ်ကလည်းပုရိသတို့ငေးကြည့်စရာကောင်းလောက်အောင်ပြေပြစ်လှပတယ်။ကျွန်တော်ကငယ်ငယ်လေးတည်းကနေအခုချိန်ထိ ကျွန်တော့အမရယ် မမဇာရယ်တို့ရဲ့လက်အောက်မှကြီးပြင်းလာခဲ့ရတာပေါ့။ရည်းစားဆိုတာလည်းတစ်ခါမှမထားဖူးဘူး။ကျွန်တော်လူပျိုဖြစ်ခါစတည်းက မမဇာ ကိုစိတ်ဝင်စားခဲ့တယ်။မမဇာ ကိုရရင်ကျေနပ်ပီ၊သေပျော်ပီဆိုတဲ့အထိတောင်ရူးရူးမူးမူးချစ်မိသွားခဲ့တယ်။

အိမ်နီးနားချင်း ချစ်ပုံပြင်Where stories live. Discover now