တစ်နေ့ကျွန်တော်ကျောင်းကပြန်လာတုန်းလမ်းမှာကျွန်တော့ကိုမကျေနပ်တဲ့ကျောင်းကလူမိုက်အုပ်စုနဲ့တွေ့ရော။သူတို့ကကျွန်တော့ကိုလမ်းပိတ်ပီးရိုက်လားနှက်လားလုပ်ကြတယ်။ကျွန်တော်လည်းပြန်ချပေမယ့်အများနဲ့တစ်ယောက်ဆိုတော့မနိုင်ပဲကျွန်တော်ချည်းခံနေရတာပေါ့။အ့မှာ မမဇာ ရောက်လာပီးပတ်ဝန်းကျင်ကိုအော်ရင်းအကူအညီလှမ်းတောင်းလိုက်တာကျွန်တော့ကိုရိုက်နှက်နေတဲ့ကောင်တွေလည်းတင်ပါးနဲ့ဖဝါးတစ်ထပ်တည်းကျအောင်ပြေးကြပါလေရော။အဲ့မှာ မမဇာက
"မောင်လေး ဘာဖြစ်သွားသေးလဲ။လာလာ အမ မင်းအိမ်ကိုလိုက်ပို့ပေးမယ်"
ဆိုပီးတွဲရင်းအိမ်ကိုလိုက်ပို့တယ်။ကျွန်တော့အမကလည်းပြန်မရောက်သေးဘူး။မမဇာ ကပဲဒဏ်ရာတွေကိုဆေးထည့်ပီးပတ်တီးစည်းသင့်တဲ့နေရာတွေကိုစည်းပေးမယ်။အဲ့အချိန်မှာကျွန်တော်လည်းအခွင့်ကောင်းပဲဆိုပီး
"မမဇာ" လို့ခေါ်လိုက်တယ်။အဲ့မှာ မမဇာက
"ဘာဖြစ်လို့လဲ မောင်လေး။အရမ်းနာနေလို့လား။အမဘာလုပ်ပေးရမလဲ" ဆိုပီးပြန်ပြောတော့
"ကျွန်တော် မမဇာ ကိုချစ်တယ်"လို့ကျွန်တော်လည်းပြောလိုက်တယ်။မမဇာကရှက်ကိုးရှက်ကန်းနဲ့သူ့အိမ်သူပြန်သွားပါလေရော။ကျွန်တော့စိတ်ထဲမှာတော့သူကျွန်တော့ကိုစိတ်ဆိုးသွားပီထင်တယ်လို့ပဲတွေးမိနေတော့တယ်။
YOU ARE READING
အိမ်နီးနားချင်း ချစ်ပုံပြင်
Romanceဒီဇာတ်လမ်းကစိတ်ကူးသက်သက်နဲ့ရေးထားတဲ့ဇာတ်လမ်းလေးပါ။18+ စကားတေနဲ့ကြမ်းတမ်းရိုင်းပြတဲ့စကားတေပါဝင်တဲ့အတွက်ကြောင့်အဆင်ပြေသူများသာဖတ်ဖို့သတိပေးချင်ပါတယ်။ကျွန်တော့ရဲ့ပထမဆုံးဇာတ်လမ်းလည်းဖြစ်ပါတယ်ဗျ။